News of Global Treasure Bank -

Global Treasure Bank ၏မိတ်ဟောင်းမိတ်သစ် Customer များအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် ပူးပေါင်းပြီး MPT SIMကတ်များအားလုံး မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေရန် Global Treasure Bank ၏ ဘဏ်ခွဲပေါင်း (127)ဘဏ်လုံးတွင် (2017)ခုနှစ်၊ ဖေဖော်ဝါရီလ (9)ရက်နေ့မှစပြီး MPT SIMကတ် မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ GTB ၏ ဘဏ်ခွဲများသို့ သွားရောက်ပြီး MPT simcard မှတ်ပုံတင်ရာတွင် လိုအပ်သော မှတ်ပုံတင်ကတ်ပြား (သို့) ယာဉ်မောင်းလိုင်စင် (သို့) ကျောင်းသားကတ် နှင့် နိုင်ငံခြားသားအနေဖြင့် ၎င်းတို့၏ ပတ်စပို့တစ်ခုခုဖြင့်လာရောက်စာရင်းသွင်းမှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း နှင့် မိမိတို့၏ နီးစပ်ရာ GTB ဘဏ်ခွဲများတွင် MPT simcard များကိုလာရောက်မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။