iBanking/mBanking

GTB iBanking

GTB iBanking ဆိုသည်မှာ Customer များမှ PC သို့မဟုတ် Laptop Web Browser များမှတဆင့် Internet Access ရယူ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်သော အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ် တစ်ခုဖြစ်ပါသည်။


GTB mBanking

GTB mBanking ဆိုသည်မှာ Customer များမှ Online မှတဆင့် စမတ်ဖုန်းကိုအသုံးပြု၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှု များအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်သော Mobile Application တစ်ခုဖြစ်ပါသည်။

(က)ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ iBanking/ mBanking User များအနေဖြင့် မိမိဘဏ်စာရင်း လုံခြုံစေရန် အထူးအလေးထား ဆောင်ရွက်သင့်သည့်အချက်များ

  •  အချို့သော iBanking/ mBanking User များမှ ၎င်း၏ မိသားစုဆွေမျိုးများအားလည်းကောင်း၊ အခြားသူများအားလည်းကောင်း Login ဝင်ရောက်စေခြင်းနှင့် Password ပေးထားခြင်းသည်
    မသမာမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် မည်သူကိုမျှ Login ဝင်ရောက်စေခြင်း၊ Password ပေးထားခြင်းများ မဆောင်ရွက်ရန်။
  •  User ID နှင့် Password သည် မိမိဘဏ်စာရင်းကို အလုံးစုံ စီမံ ဆောင်ရွက်နိုင်ခြင်း (Fully Access) ဖြစ်သောကြောင့် မိမိတစ်ဦးတည်းသာ လုံခြုံစွာ ထိန်းသိမ်း ဆောင်ရွက်ရန်။
  •  မိမိဖုန်းသို့ ရောက်ရှိလာမည့် Transaction များအတွက် One Time Password (OTP) Message အား မိမိကိုယ်တိုင် လုံခြုံစွာ ထိန်းသိမ်းရန်နှင့်
    မည်သူ တစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်း၊ အသိပေးခြင်း၊ အသုံးပြုစေခြင်း မပြုရန်။

(ခ) User များ Log in ဝင်ရောက်မရသည့်အခါ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ

“ibanking.gtbmm.com” Web Page အောက်ခြေတွင် GTB Internet Banking Guide နှင့် GTB Mobile Banking Guide များ ရယူနိုင်သည့်အပြင် GTB Mobile Banking Guide စာမျက်နှာ(၄၁)ပါ Internet Banking/ Mobile Banking Application Form for individual retail ပုံစံဖြင့် နည်းစပ်ရာ ကမ္ဘာ့ရတနာဘဏ်ခွဲများမှတစ်ဆင့် အောက်ပါတို့အတွက် ပြန်လည်လျှောက်ထားနိုင်ပါသည်။

  •  User ID နှင့် Password မေ့လျော့ခြင်းအတွက် Forget User ID/ Password ကို အမှန်ခြစ်၍ လျှောက်ထားရန်။
  •  စာရင်းဖွင့်လှစ်ချိန်တွင် အသုံးပြုခဲ့သော ဖုန်း၊ အီးမေးလ်၊ လိပ်စာ ပြောင်းလိုခြင်းအတွက် Modification ကို အမှန်ခြစ်၍ လျှောက်ထားရန်။
  •  Internet Banking/ Mobile Banking အသုံးမပြုလိုသည့်အခါ Cancellation ကို အမှန်ခြစ်၍ လျှောက်ထားရန်။

(ဂ) ဆက်သွယ်နိုင်သည့်ဖုန်းများ

iBanking/mBanking Section Head Channel Banking Department ကမ္ဘာ့ရတနာဘဏ်

ဖုန်းနံပါတ်:09424187661

iBanking/mBanking Section Channel Banking Department ကမ္ဘာ့ရတနာဘဏ်

ဖုန်းနံပါတ်:09424187664

Channel Banking Department ကမ္ဘာ့ရတနာဘဏ်

ဖုန်းနံပါတ်:09940880674

Benefits of GTB iBanking/mBanking System

  • 24/7 ဝန်ဆောင်မှု ရရှိနိုင်သည့်အတွက် Customers များ လွယ်ကူလျှင်မြန်စွာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ဆောင်ရွက်နိုင်ခြင်း
  • Customers များ၏ အကောင့်များ ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်းများမှ ကင်းဝေးစေရန် အဆင့်မြင့် လုံခြုံရေး စနစ်များ အသုံးပြုထားခြင်းကြောင့် စိတ်ချလုံခြုံမှုရှိစွာ အသုံးပြုနိုင်ခြင်း
  • Online Alerts ဝန်ဆောင်မှုများအား အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ခြင်း
  • ဘဏ်သို့ကိုယ်တိုင်လာရောက်ရန် မလိုသည့်အတွက် အချိန်ကုန်၊ လူပင်ပန်းခြင်းမှ သက်သာစေခြင်း
  • ကမ္ဘာ့ရတနာဘဏ်၏ ဝန်ဆောင်မှုများအား Online မှ အလွယ်တကူ သိရှိနိုင်ခြင်း

GTB iBanking/mBanking ဝန်ဆောင်မှု သုံးစွဲနိုင်သူများ

  • Individual (တစ်ဦးချင်း)
  • တွဲဖက် (Joint)
  • Private Company Limited (ပုဂ္ဂလိက ကုမ္ပဏီများ)
  • Non-Profit Organization (အသင်းအဖွဲ့၊ အဖွဲ့အစည်းများ)

GTB iBanking/mBanking ဝန်ဆောင်မှု လျှောက်ထားရန် လိုအပ်ချက်များ

  • ကမ္ဘာ့ရတနာဘဏ်၏ ကျပ်ငွေစာရင်းအမျိုးအစား တစ်ခုရှိရပါမည်။ (ဥပမာ- ငွေစုဘဏ်စာရင်း (သို့) စာရင်းရှင် စာရင်း)
  • Internet Line နှင့် Browsers (Chrome, Firefox or Internet Explore) Internet အသုံးပြုနိုင်သည့် PCs or Laptops Electronic ပစ္စည်းတစ်မျိုးမျိုး လိုအပ်ပါသည်။
  • ကမ္ဘာ့ရတနာဘဏ်မှ Internet Banking အတွက် ထုတ်ပေးထားသော Username၊ Password နှင့် SMS OTP (One Time Password) အသုံးပြရန်လိုအပ်ပါသည်။

GTB iBanking/mBanking System မှ ရရှိနိုင်သော ဝန်ဆောင်မှုများ

  • လက်ကျန်ငွေကြည့်ရှုစစ်ဆေးခြင်း
  • မိမိကိုယ်ပိုင်စာရင်းများအချင်းချင်း ငွေလွှဲပြောင်းခြင်း
  • အခြားစာရင်းများသို့ ငွေလွှဲပြောင်းခြင်း
  • မှတ်ပုံတင်အား အသုံးပြု၍ ငွေလွှဲပြောင်းခြင်း
  • ဖုန်းဘေလ်ဖြည့်သွင်းခြင်း
  • ဝန်ထမ်းများ၏ လစာစရိတ်ဖြည့်သွင်းခြင်း
  • Cheque များ ကြည့်ရှုစစ်ဆေးခြင်း
  • Debit Card ဝန်ဆောင်မှု တားမြစ်ခြင်း
  • Transaction များ ကြည့်ရှုစစ်ဆေးခြင်း
  • Mini-Statement ရယူခြင်း
  • Deposit Account များအား ကြည့်ရှုစစ်ဆေးခြင်း
  • Loans Account များအား ကြည့်ရှုစစ်ဆေးခြင်း
  • Online Alerts ဝန်ဆောင်မှုများ

iBanking/mBanking System ပေါ်တွင် ပြုလုပ်သော ငွေလွှဲခနှုန်းထားများ

Account Transfer

  • ဘဏ်ခွဲတူ
  • -
  • Free
  • ဘဏ်ခွဲမတ
  • -
  • ရိုးရိုးဇုန် ဝ.၀၅% (အနည်းဆုံး ၂၀၀ ကျပ်)
  • -
  • အထူးဇုန် ဝ.၁၀% (အနည်းဆုံး ၂၀၀ ကျပ်)

NRC Remittance

  • 1,000 – 100,000
  • -
  • ၃၀၀ ကျပ် (အနည်းဆုံး ၃၀၀ ကျပ်)
  • >100,000 – 300,000
  • -
  • ၄၀၀ ကျပ်
  • >300,000 – 500,000
  • -
  • ၅၀၀ ကျပ်

Salary Upload

  • Per Credit Record
  • -
  • ၅၀၀ ကျပ် (အများဆုံး Record ၁၀၀)