News of Global Treasure Bank--

ကမ္ဘာ့ရတနာဘဏ်၏ ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်းများကို ဝန်ထမ်းများအတွက် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ (2019) ခုနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည့် သင်တန်းများထဲမှ မန်နေဂျာ၊ ဒုမန်နေဂျာ (၁၀) ဦးအတွက် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသင်တန်း (၃/၂၀၁၉)၊ အကြီးတန်းစာရေး (၁၈) ဦးအတွက် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသင်တန်း (၂/၂၀၁၉) နှင့် အငယ်တန်းစာရေး၊ အငယ်တန်းလက်ထောက်၊ အလုပ်သင်ဝန်ထမ်း (၅၂) ဦးအတွက် အခြေခံဘဏ်လုပ်ငန်းသင်တန်း (၃/၂၀၁၉) တို့ကို (၂၇.၆.၂၀၁၉) ရက်နေ့မှ (၁၃.၇.၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါ သင်တန်း(၃) ခု၏ ဖွင့်ပွဲအခမ်းအနားကို စမ်းချောင်းသင်တန်းကျောင်းခန်းမတွင် (၁.၇.၂၀၁၉) ရက်နေ့၊ နံနက်(၇:၃၀) အချိန်၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ GTB ဘဏ်၏ CEO နှင့် အတူ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် CEO မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းများတွင် ဘဏ်ဝန်ထမ်းများအနေဖြင့် အမှန်တကယ် သိသင့်သိထိုက်သော ဘဏ်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများ နှင့် အခြားသောဗဟုသုတများကို သက်ဆိုင်ရာဘာသာရပ် ဌာနမှူး ဆရာ/ ဆရာမ များမှ သင်ကြားပေးလျက် ရှိကြောင်း သင်တန်းဖွင့်ပွဲပုံများနှင့်တကွ ဖော်ပြပေးလိုက်ပါသည်။