နိုင်ငံတကာနှင့် ချိတ်ဆက်ကာ ငွေလွှဲခြင်းများလုပ်ဆောင်နိုင်မှာ GTB ဘဏ်နှင့်အတူ စိတ်ချယုံကြည်လိုက်ပါ …📣📣📣📣📣
အခြားနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသော Customer များမှ မြန်မာနိုင်ငံမှ မိမိတို့၏ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများထံသို့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အချက်များကြောင့် ငွေလွှဲခြင်းများ လုပ်ဆောင်လိုပါက GTB ဘဏ်၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Western Union နှင့်ချိတ်ဆက်ကာ မိမိတို့စိတ်တိုင်းကျ လွယ်ကူအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။ Western Union သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၂၀၀)ကျော်တွင် အေးဂျင့်ပေါင်း (၅၀၀,၀၀၀)ကျော် ဖြင့် ငွေလွှဲဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိနေသောကြောင့် Customer များအနေဖြင့် မိမိတို့၏ ငွေကြေးများကို လုံခြုံစိတ်ချ ယုံကြည်စွာဖြင့် မိမိပေးပို့လိုသော နေရာဒေသများသို့ လျင်မြန်လွယ်ကူစွာဖြင့် ပေးပို့နိုင်မှာ ဖြစ်ပါသည်။ ထို့ပြင် Swift Code ဖြင့် ငွေလွှဲလုပ်ဆောင်လိုသော Customer များအတွက်ကိုလည်း GTB ဘဏ်နှင့် ချိတ်ဆက်လက်တွဲလုပ်ဆောင်နေသော နိုင်ငံခြားဘဏ်များမှာ - UOB, First Gulf Bank, United Bank of India, OCB, Vietinbank Germany, Krung Thai Bank, BIDV Bank, Shinhan Bank (Korea), Kasikorn Bank (Thailand) နှင့် ICBC Yangon Branch တို့ဖြစ်ပြီး နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံကို ဖြစ်စေ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားကိုဖြစ်စေ နိုင်ငံခြားငွေလွှဲလုပ်ငန်းဆိုင်ရာနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို Customer များသိရှိစေရန် ဖော်ပြပေးလိုက်ပါသည်…..📣📣📣📣📣
www.facebook.com/GlobalTreasureBank http://www.gtbmm.com http://ibanking.gtbmm.com

ကျန်းမာရေးကို အထူးဂရုစိုက်အလေးထားပြီး Digital Banking အသုံးပြုခြင်းဖြင့် COVID-19 ကို ကာကွယ်ပါ….📣📣📣📣📣
မိဘပြည်သူများအနေဖြင့် Stay at Home နေရာဒေသများတိုးလာသည့်အလျောက် အပြင်သို့မလိုအပ်ဘဲ သွားလာနေခြင်းများကို ရှောင်ရှားခြင်းသည် အရေးအကြီးဆုံးဖြစ်ပြီး အကယ်၍ အပြင်သို့ သွားမည်ဆိုလျှင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းများအတိုင်း- • Mask ကို နည်းလမ်းတကျနှင့် ပုံစံတကျ သေချာတပ်ဆင်ခြင်း၊ • လက်ဆေးရန် နေရာများကိုလည်း နေရာတိုင်းတွင် ထားရှိပေးထားသည့်အတွက် လက်ကို စက္ကန့်(၂၀) ကြာအောင် ရေနှင့် ဆပ်ပြာအသုံးပြု၍ ဆေးကြောခြင်း(သို့) လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောခြင်း၊ • မိတ်ဆွေသူငယ်ချင်းများနှင့်လည်း တွေ့ဆုံရာတွင်လည်း Social Distancing ကိုလိုက်နာကာ (၆)ပေ အကွာအဝေးမှ ပြောဆိုဆက်ဆံခြင်းစသည့် အဓိကအချက်(၃) ချက်ကို စနစ်တကျလိုက်နာမှသာ COVID-19 အန္တရာယ်ကိုကာကွယ်တားဆီးနိုင်ပြီး မိမိနှင့် မိမိ၏ မိသားစုသာမက မိမိ၏ ပတ်ဝန်းကျင်မှာပါ Safe ဖြစ်စေမှာဖြစ်သည့်အတွက် ယခုလိုအချိန်မျိုးတွင်လည်း ငွေကြေးကိုင်တွယ်ခြင်းများကို လျော့ချပြီး Cashless စနစ်ဖြစ်သည့် Digital Banking Service များကိုသာ အသုံးပြုခြင်းဖြင့် COVID-19 ရောဂါအန္တရာယ်ကို ကာကွယ်တားဆီးကြစေရန် တိုက်တွန်းအပ်ပါသည်…… 📣📣📣📣📣
www.facebook.com/GlobalTreasureBank