one

ဘဏ်၏မတည်ငွေရင်း

ဘဏ်၏ ခွင့်ပြုချက်မတည်ငွေရင်းမှာ ကျပ်သန်းပေါင်း(၇၀,၀၀၀)ဖြစ်ပြီး အစုရှယ်ယာတစ်စုလျှင်ကျပ်(၁)သောင်းဖြင့် အစုရှယ်ယာပေါင်း (၇၀၀၀၀၀၀) သတ်မှတ်ထားပါသည်။ ပုဂ္ဂိုလ် တစ်ဦး(သို့)အသင်းအဖွဲ့တစ်ရပ်သည် အနည်းဆုံးအစုရှယ်ယာကို ခွင့်ပြုမတည်ငွေရင်း၏ ၅%အထိဝယ်ယူနိုင်ပြီးအနည်းဆုံး အစုရှယ်ယာစောင်ရေ (၃၀၀၀၀)၊ တန်ဖိုး ကျပ်သန်း(၃၀၀)နှင့်အထက် ဝယ်ယူ ပိုင်ဆိုင်ထားသူသည် ဘဏ်ဒါရိုက်တာအဖြစ်‌ ရွေးချယ်ခံနိုင်ခွင့်ရှိပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ အပြည့်အဝထည့်ဝင်ပြီး အစုရှယ်ယာအရေအတွက်မှာ(၆၂၄၃၆၅၀)ဖြစ်ပြီး အစုရှယ်ယာတန်ဖိုးမှာ ကျပ်သန်းပေါင်း(၆၂,၄၃၆.၅)ဖြစ်ပါသည်။

ဘဏ်၏မတည်ငွေရင်းအခြေပြဇယား

စဉ် ဘဏ္ဍာနှစ် အခုအရေအတွက် တန်ဖိုး(ကျပ်သန်း)
၂၀၁၂-၁၃ ၇၀၀၀၀ ၃၅၀၀၀.၀၀
၂၀၁၃-၁၄ ၉၀၀၀၈ ၄၅၀၀၄.၀၀
၂၀၁၄-၁၅ ၁၀၈၃၀၆ ၅၄၁၅၃.၀၀
၂၀၁၅-၁၆ ၁၀၄၃၅၄ ၅၂၁၇၇.၀၀
၂၀၁၆-၁၇ ၁၀၄၃၅၄ ၅၂၁၇၇.၀၀
၂၀၁၇-၁၈ ၁၀၄၃၅၄ ၅၂၁၇၇.၀၀
၂၀၁၈-၁၉ ၅၅၄၃၆၀၀ ၅၅၄၃၆.၀၀
၂၀၁၉-၂၀ ၅၇၉၃၆၅၀ ၅၇၉၃၆၅.၅၀
၂၀၂၀-၂၁ ၆၂၄၃၆၅၀ ၆၂၄၃၆.၅၀
၁၀ ၂၀၂၁-၂၂ ၆၂၄၃၆၅၀ ၆၂၄၃၆.၅၀

ဘဏ်၏အတိုးနှုန်းများ

ဘဏ်၏အတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီအောက်ဖော်ပြပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်ထားပါသည်။

(က) ငွေစုဘဏ်အတိုးနှုန်း (Super Savings Deposit)
ကျပ် (၁၀၀၀) မှ ကျပ်သိန်း (၃၀၀) ထိ တစ်နှစ်လျှင်
ကျပ်သိန်း (၃၀၀) အထက်မှ ကျပ်သိန်း (၁၀၀၀) ထိ တစ်နှစ်လျှင်
ကျပ်သိန်း (၁၀၀၀) အထက် တစ်နှစ်လျှင်

၈.၂၅%
၈.၃၅%
၈.၄၅%
(ခ) အချိန်ပိုင်းအပ်ငွေ အတိုးနှုန်း (Fixed Deposit)
(၁လ)
(၃လ)
(၆လ)
(၉လ)
(၁၂လ)

၈.၅%
၉.၂၅%
၉.၅၀%
၉.၇၅%
၁၀.၀၀%
(ဂ) ခေါ်ယူအပ်ငွေအတိုးနှုန်း (Call Deposit)
ကျပ် (၁၀,၀၀၀)မှ ကျပ်သိန်း(၁၀၀)အထိ
ကျပ်သိန်း(၁၀၀)အထက်
(တစ်နှစ်ပေါ်အခြေခံ၍ နေ့စဉ်အတိုးတွက်ချက်ပေးပါသည်။)

၂%
၂%
(ဃ) ချေးငွေ အတိုးနှုန်း
(၁) Loan ချေးငွေ
(၂) စာရင်းပိုထုတ်ချေးငွေ O/D (နှစ်ချင်းဆပ်)
(၃) စက်မှုဇုံဝင်ချေးငွေနှင့် စီမံကိန်းဝင်ချေးငွေ

၁၃%
၁၂%
၁၃%