ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ငွေကြေးခိုင်မာမှုအခြေအနေ


ကမ္ဘာ့ရတနာဘဏ်လီမိတက်၏အောက်တွင်ဖော်ပြထားသောကိန်းဂဏန်းအမျိုးအစားအလိုက် ရာခိုင်နှုန်းအချိုးများကိုကြည့်ခြင်းအားဖြင့် ငွေကြေးအခြေအနေနှင့်ပတ်သက်၍ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်

(၁)             မတည်ငွေရင်းလုံလောက်မှုအချိုး(Capital Adequacy Ratio)
                       (က)အနည်းဆုံးအလွှာ(၁)မတည်ငွေရင်းလုံလောက်မှူအချိုး
                        (Tier - 1 Capital Ratio)
                       (ခ)စုစုပေါင်းမတည်ငွေရင်းလုံလောက်မှုအချိုး
                       (Regulatory Capital Adequacy Ratio)
၁၀.၂၈%

၁၁.၅၃%
(၂)             ငွေကြေးလွယ်ကူမှုအချိုး(Liquidity Ratio) ၂၀.၃၀
(၃)             လက်ဝယ်ရှိငွေနှင့်အလားတူပိုင်ဆိုင်ငွေများနှင့်စာရင်းရှင်အပ်ငွေအချိုး
                 (Cash & Cash Equivalent To Demond Deposit Ratio)
၅၆၀.၉၅%

(၄)             လက်ဝယ်ရှိငွေနှင့်အလားတူပိုင်ဆိုင်ငွေများနှင့်အချိန်ပိုင်းအပ်ငွေအချိုး
                 (Cash & Cash Equivalent To Time Deposit Ratio)
၃၄.၄၉%

(၅)             စုစုပေါင်းချေးငွေနှင့်စုစုပေါင်းအပ်ငွေတို့၏အချိုး
                 (Loan To Deposit Ratio)
၉၃.၀၀%

(၆)             အစုရှယ်ယာရှင်များ၏စုစုပေါင်း ပိုင်ဆိုင်မှုတန်ဘိုး (ကျပ်သန်း)
                 (Total Shareholders' Equity)
၁၁၁,၁၃၉.၁၂


ရှင်းလင်းချက်

(က) အမှတ်စဉ်(၁)(က) ရှိအနည်းဆုံးအလွှာ(၁)မတည်ငွေရင်း လုံလောက်မှုအချိုး (Tier – 1 Capital Ratio) တွင် မတည်ငွေရင်း (ထည့်ဝင်ပြီး မတည်ငွေ + သီးသန့်ရန်ပုံငွေနှင့်အမြတ်) စုစုပေါင်း ကျပ်သန်း (၇၁,၉၇၅.၇၃) ပေါ်ကို ဆုံးရှုံးနိုင်ခြေရှိသော ရရန်ပိုင်ခွင့်တန်ဖိုးကျပ်သန်း (၇၀၀,၄၀၄.၈၉) တို့၏အချိုးကို တွက်ချက်ခြင်း အားဖြင့် (၁၀.၂၈%) ရရှိပါသည်။ ထိုအချိုးမှာ အနည်းဆုံး (၄%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။ အမှတ်(၁)(ခ)ရှိ စုစုပေါင်းမတည်ငွေရင်း လုံလောက်မှုအချိုး (Regulatory Capital Adequacy Ratio)တွင် (ထည့်ဝင်ပြီးမတည်ငွေ + သီးသန့်ရန်ပုံငွေ + အမြတ် + ချေးငွေဆုံးရှုံးနိုင်ခြေအတွက် အထွေထွေလျာထားခြင်း) စုစုပေါင်း ကျပ်သန်း (၈၀,၇၃၀.၇၉) ပေါ်ကို ဆုံးရှုံးနိုင်ခြေရှိသော ရရန်ပိုင်ခွင့် တန်ဖိုးကျပ်သန်း (၇၀၀,၄၀၄.၈၉) တို့၏အချိုးကို တွက်ချက်ခြင်းအားဖြင့် (၁၁.၅၃%) ရရှိပါသည်။ ထိုအချိုးမှာ အနည်းဆုံး (၈%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။
(ခ) အမှတ်စဉ်(၂)တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ ငွေကြေးလွယ်ကူမှုအချိုးသည် ဘဏ်၏ အသားတင်ငွေဖြစ်လွယ်သော ရပိုင်ခွင့်များ ကျပ်သန်း (၁၆၀,၅၀၇.၃၆) ပေါ်တွင် စုစုပေါင်းပေးရန် တာဝန် မြင့်မားမှုများ ကျပ်သန်း (၇၉၀,၆၁၄.၆၄) တို့၏ အချိုး (၂၀.၃၀%) ဖြစ်၍ ဗဟိုဘဏ်၏ သတ်မှတ်ချက် (၂၀%) ထက်ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။
(ဂ) အမှတ်စဉ်(၃)တွင် လက်ဝယ်ရှိငွေနှင့် အလားတူပိုင်ဆိုင်ငွေ ကျပ်သန်း (၂၀၄,၈၂၁.၃၁)နှင့် စာရင်းရှင်အပ်ငွေ ကျပ်သန်း (၃၆,၅၁၃.၀၀) တို့ကို တွက်ချက်၍ ရရှိသောအချိုးမှာ (၅၆၀.၉၅%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသော (၁၀%) အချိုးထက် ကျော်လွန်နေပါသည်။
(ဃ) အမှတ်စဉ်(၄)တွင် လက်ဝယ်ရှိငွေနှင့် အလားတူပိုင်ဆိုင်ငွေ ကျပ်သန်း (၂၀၄,၈၂၁.၃၁)နှင့် အချိန်ပိုင်းအပ်ငွေကျပ်သန်း (၅၉၃,၈၉၄.၉၀) တို့ကို တွက်ချက်၍ ရရှိသောအချိုးမှာ (၃၄.၄၉%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသော (၁၀%) အချိုးထက် ကျော်လွန်နေပါသည်။
(င) အမှတ်စဉ်(၅) တွင် စုစုပေါင်းချေးငွေကျပ်သန်း (၅၈၃,၂၄၇.၀၀) ဖြစ်၍ စုစုပေါင်းအပ်ငွေမှာ ကျပ်သန်း (၆၃၀,၄၀၇.၉၀) ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် (၉၃.၀၀%) ရှိပါသည်။
(စ) အမှတ်စဉ် (၆) တွင် အစုရှယ်ယာရှင်များသည် အစုရှယ်ယာတစ်စုအတွက် တန်ဖိုးကျပ် (၁) သောင်း ပိုင်ဆိုင်သဖြင့် ယခုဘဏ္ဍာရေးနှစ်အတွက် အစုရှယ်ယာရှင်များ ပိုင်ဆိုင်သော တန်ဖိုးစုစုပေါင်းမှာ ကျပ်သန်း (၁၁၁,၁၃၉.၁၂) ဖြစ်သောကြောင့် အစုရှယ်ယာရှင်အရေအတွက် (၆၂၄၃၆၅၀) ရှိသဖြင့် အစုရှယ်ယာတစ်စုလျှင် ကျပ် (၁၇,၈၀၀.၃၄) တန်ဖိုးရှိနေပြီးဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါအမျိုးအစားအလိုက် ရာခိုင်နှုန်းများမှာ သတ်မှတ်ထားသော ရာခိုင်နှုန်းထက် ကျော်လွန်နေပါသဖြင့် ဘဏ်၏ ငွေရေးကြေးရေးအခြေအနေမှာ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်။