ဘဏ်လုပ်ငန်းချိန်များ ပုံမှန်အတိုင်း ပြန်လည်သတ်မှတ်ခြင်း👍👍👍👍👍
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏(၁၁.၅.၂၀၂၀) ရက်စွဲပါစာအမှတ် မဗဘ/နပတ/FIS (၅၄/၂၀၂၀) ညွှန်ကြားချက်အရ GTB ဘဏ်ခွဲများအားလုံးသည် (၁၂.၅.၂၀၂၀)ရက်နေ့ မှစတင်၍ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းချိန်အား နံနက်(၉:၃၀) မှ မွန်းလွဲ(၃:၀၀) နာရီထိ ပုံမှန်ဘဏ်လုပ်ငန်းချိန်အတိုင်း ပြန်လည်ဖွင့်လှစ် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း ကမ္ဘာ့ရတနာဘဏ်၏ Customer များအားလုံးကို လေးစားစွာအသိပေးအပ်ပါသည်။

COVID-19 ရောဂါ ကာကွယ်ဖို့ သတ်မှတ်ထားသည့်အတိုင်း လိုက်နာစို့….. 📣📣📣📣📣
- လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့်၂၀ခန့် ဆေးကြောခြင်း။
- အပြင်သို့သွားရန် လိုအပ်လာပါက နှာခေါင်းစည်း (Mask) များကို တပ်ဆင်သွားခြင်း။
- ချောင်းဆိုး၊ နှာချေတိုင်း လက်ကိုင်ပုဝါ (သို့) Tissue ကို အသုံးပြုခြင်း။
- တစ်ဦးနှင့် တစ်ဦး သတ်မှတ်ထားသော Social Distancing အကွာအဝေးတွင် ပြောဆိုဆက်ဆံခြင်း။
- အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်စားသောက်ခြင်း။
- မိမိတို့အိမ်မှာဘဲ နေထိုင်ခြင်းဖြင့် COVID-19 ရောဂါကို အတူတူကာကွယ် တိုက်ဖျက်ကြပါစို့……..