ချေးငွေလုပ်ငန်း
ကမ္ဘာ့ရတနာဘဏ်၏ အဓိကဝင်ငွေရလုပ်ငန်းများအနက်တစ်ခုဖြစ်သည့် နှစ်တိုးချေးငွေလုပ်ငန်းကို ဆောင်ရွက်ရာ၌ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ လုပ်ငန်းများတွင် ဘဏ္ဍာငွေ/ရင်းနှီးမြုပ်နှံငွေအထောက်အပံပေးခြင်းဖြင့် နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် အခြားတစ်ဖက်မှလည်း ဘဏ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေပြီး ပုံမှန်ဝင်ငွေရရှိစေရန်နှင့် ဆုံးရှုံးမှုမရှိစေရန်အတွက် ဒါရိူက်တာတစ်ဦးမှ ဦးဆောင်ကာ ဒါရိူက်တာအဖွဲ့ဝင်(၆)ပါဝင်သော ချေးငွေကော်မတီဖွဲ့စည်း၍ အဆင့်ဆင့်စိစစ်ပြီး ချေးငွေများထုတ်ပေးလျက်ရှိပါသည်။
ကမ္ဘာ့ရတနာဘဏ်လီမိတက် (ချေးငွေဌာန)အနေဖြင့် (၃၀.၉.၂၀၂၀)နေ့အထိ တိုင်းရင်းသား လုပ်ငန်းရှင် (၇၈,၄၉၆)ဦးသို့ ချေးငွေပမာဏကျပ်သန်း(၆၁၄,၄၉၉.၃၃)ထုတ်ချေးခဲ့ရာ ယခင်နှစ်ကထက် ကျပ်သန်း(၁၃,၃၀၈.၁၅)တိုးမြှင့်ထုတ်ချေးနိုင်ခဲ့ပါ သည်။ ဝင်ငွေအနေဖြင့် နှစ်စဉ်တိုးတက်လျက်ရှိရာ ယခင်နှစ်က ကျပ်သန်း(၅၂,၈၀၆.၃၉)သာ ရရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်သန်း (၅၈,၁၉၂. ၇၅) ကျော်ရရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်သန်း (၅,၃၈၆.၃၆)ကျော် တိုးတက်ရရှိခဲ့ရာ ကျပ်သန်း(၁၉,၉၇၉.၄၀)လျော့နည်းသွားပါသည်။