News of Global Treasure Bank--

ကမ္ဘာ့ရတနာဘဏ်၏သတင်းထုတ်ပြန်ချက် (၂၁.၂.၂၀၂၀) ရက်နေ့ သတင်းတစ်ခုတွင် ရဲရင့်ထက်၏ post တင်ကာ သတင်းရေးသားရာ၌ ပါဝင်သောလူမှာ ကမ္ဘာ့ရတနာဘဏ်သို့ ငွေလာရောက်ထုတ် ယူသူဟု မှားယွင်းရေးသားဖော်ပြထားပြီး သေဆုံးသူမှာ ကမ္ဘာ့ရတနာဘဏ် ကျောက်တော်ဘဏ်ခွဲ၏ CCTV မှတ်တမ်းများနှင့် သက်ဆိုင်ရာဘဏ်ခွဲ၏ အတည် ပြုချက်အရ ကမ္ဘာ့ရတနာဘဏ် ကျောက်တော်ဘဏ်ခွဲသို့ လုံးဝ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ အဆိုပါကိစ္စမှာ ကမ္ဘာ့ရတနာဘဏ် ကျောက်တော်ဘဏ်ခွဲနှင့် လုံးဝ(လုံးဝ)သက်ဆိုင်ခြင်းမရှိဘဲ သတင်းမှားဖော်ပြ ရေးသားထားခြင်းသာဖြစ်ပါ သည်။ ကမ္ဘာ့ရတနာဘဏ်၏ ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ကျောက်တော် ဘဏ်ခွဲသည် Customer များကို လုံခြုံစိတ်ချစွာ၊ အစဉ်အမြဲ ဝန်ဆောင်မှုကောင်း များကို ပေးနေသောဘဏ်ခွဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။