ကမ္ဘာ့ရတနာဘဏ်လီမိတက်
Channel Banking Department ၏ 2019-2020 ဘဏ္ဍာနှစ်
လုပ်ငန်းဆောက်ရွက်ပြီးစီးမှု့နှင့် ရှေ့လုပ်ငန်းစဉ်

၁။        ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ Channel Banking Department အနေဖြင့် GTB-UnionPay Single Brand Credit Card ကို Classic Card နှင့် Platinum Card အမျိုးအစား(၂)မျိုးဖြင့် In house ထုတ်ဝေထား ပါသည်။ GTB-UnionPay International Card များသည် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းပေါင်း 2500 ကျော် နှင့်ပူးပေါင်းထားသောကြောင့် နိုင်ငံပေါင်း ၁၈၁ နိုင်ငံတွင် အသုံးပြုနိုင်ပြီး၊ EMVco မှချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုနည်းပညာစံနှုန်း EMV compliance ကတ်အမျိုးအစားဖြစ်ပါသည်။

၂။       ကတ်ကိုင်ဆောင်သူများသည် Payment Terminal များတွင် Quick Pass ကိုအသုံးပြုပေးချေနိုင် သော Contactless Card အမျိုးအစားဖြစ်ပြီး၊ စတိုးဆိုင်များ၊ စူပါမားကတ်များ၊ စားသောက်ဆိုင်များ၊ e-Tickets စသည်တို့တွင် ပိုမိုအဆင်ပြေမြန်ဆန်စွာဖြင့် တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်းကြောင့် ကတ်ကိုင်ဆောင်သူများအား ရှုပ်ထွေးသော ငွေပေးချေမှုလုပ်ငန်းစဉ်များ (Complicated Payment Procedures) မှ ကင်းဝေစေခြင်း၊ ငွေကိုင်ဆောင်ချိန်ကိုလျှော့ချရနိုင်ခြင်း(Reduce Cashier’s Processing Time)နှင့်ငွေရှင်းခြင်းဆိုင်ရာများကို ထိရောက်ခြင်း(Improve Checkout efficiency) တို့ဆောင်ရွက်နိုင်ပါသည်။

၃။       ထို့အပြင် UnionPay International Card များသည် ကမ္ဘာ့အကြီးဆုံး ကတ်ကိုင်ဆောင်သူ ဈေးကွက်(World’s Largest cardholder market) ရရှိထားပြီး၊ အရည်အသွေးမြင့်၊ လုံခြုံသော နယ်စပ်ဖြတ်ကျော်ငွေပေးချေဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လအထိ GTB-UnionPay Single brand Credit card အသုံးပြုပေးချေမှု ပမာဏငွေကျပ်(၁.၆၇)ဘီလီယံကျော်သုံးစွဲပြီး၊ ကတ်သုံးစွဲငွေအပေါ်ပြန်လည်ပေးသွင်းသည့် ပမာဏမှာ ကျပ်(၁.၅၉)ဘီလီယံကျော် ရှိခြင်းကြောင့် သုံးစွဲငွေအပေါ်ပြန်လည်ပေးသွင်းမှုရာခိုင်နှုန်းမှာ (၉၅.၅၈%)ဖြစ်ပါသည်။

၃။       ကမ္ဘာ့ရတနာဘဏ်လီမိတက်တွင် ငွေစုဘဏ်စာရင်း(တစ်ဦးချင်း)၊ စာရင်းရှင်စာရင်း(တစ်ဦးချင်း)နှင့် ခေါ်ယူအပ်ငွေစာရင်း(တစ်ဦးချင်း)ဖွင့်လှစ်ထားသူများသည် iBanking/mbanking ဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုရယူနိုင်ပြီး၊ လုပ်ငန်းစတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ iBanking/mbanking လုပ်ငန်းဆောင်ရွက်မှုပမာဏ စုစုပေါင်းမှာ ကျပ်(၁၆.၅၁၃) ဘီလီယံကျော်ဖြစ်ပါသည်။

၃။       ပြောင်းလဲလာသောနည်းပညာတိုးတက်မှုနှင့်အညီ ဘဏ်နှင့်ဆက်သွယ်သူများ ပိုမိုအဆင်ပြေ ကောင်းမွန်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို (24/7) ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ရတနာဘဏ်လီမိတက် အနေဖြင့် အစဉ်အလေးထား ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ၂၀၂၀ ခုနှစ်မှစ၍ GTB Pay အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံခြားကုမ္ပဏီများ၊ ပြည်တွင်းကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းခြင်းများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

၃။       ယခုအခါတွင် GTB Mobile Wallet (GTB Pay) အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိရန်အတွက် မြန်မာနိုင်ငံတောင်ဗဟိုဘဏ်သို့ လုပ်ငန်းစီမံချက် အသေးစိတ်တင်ပြခြင်းနှင့် သက်ဆိုင်ရာမိုဘိုင်းလုပ်ငန်း စိစစ်ရေးအဖွဲ့သို့ နည်းပညာနှင့်လုပ်ငန်းပိုင်းဆိုင်ရာ ပေါင်းစပ်ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

၃။       ထို့အပြင် Consumer Application (Business Requirement Document- BRD) နှင့် Partner Application (Business Requirement Document- BRD) များအတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် အောက်ပါအတိုင်းလိုအပ်သော User Interface(UI)/User Experience(UX) များဆောင်ရွက်လျက်ရှိပါသောကြောင့် လာမည့်အနာဂတ်ကာလတွင် အများပြည်သူသို့ပိုမိုကောင်းမွန်သော မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါသည်။

one one

Card Bussiness Of Global Treasure Bank

It is of great important to apply technology for the development of banking services.GTB has signed contract agreement with Union Pay International (UPI) and China Union Pay Data (CUPD)for Card Management Service to carry out Card Business.CUPD will serve as a CMS Outsourcing Service provider and GTB will issue MPU-UPI Co-branded Credit Cards.In order to modernization and in harmony with international banking standards GTB assigned KPMG advisory service private limited for the screening of suitable and international standard core banking system. GTB has signed an agreement with Infosys Core Banking Co.,Ltd for establishment of Core Banking System and at the same time DATA Center also being established.