one

Department Of Information & Technology

ဌာနလုပ်ငန်းဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာ

၁။        ကမ္ဘာ့ရတနာဘဏ် Department of Information & Technology သည် ရုံးချုပ်ဌာနများနှင့် လက်အောက်ခံ ဘဏ်ခွဲများအားလုံး Banking System လုပ်ငန်းများကောင်းမွန်မှန်ကန်စွာအသုံးပြုနိုင်ရန်နှင့် ဘဏ်ခွဲ Customer များအပေါ် အကောင်းဆုံးဝန်ဆောင်မှုဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ Admin Team, Software Team, Network Team & Hardware Team များအလိုက် ဌာနလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။        Software ဆိုင်ရာလုပ်ငန်းများဖြစ်သည့် Infosys Core Banking System အား မှန်ကန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ အရာထမ်း၊ အမှုထမ်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အရာထမ်း သင်တန်းများအား သင်တန်းကာလ(၄)ရက်နှုန်းဖြင့် အရာထမ်း(၉၅)ဦးအားလည်းကောင်း၊ အမှုထမ်း သင်တန်းအား သင်တန်းကာလ (၃)လနှုန်းဖြင့် အမှုထမ်း (၅၁)ဦးတို့အား မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။


၃။        Software Team အနေဖြင့် Core Banking System ဆိုင်ရာ Upgrade ဆောင်ရွက်ခြင်း၊ ဘဏ်ခွဲ Transaction Issue များရှင်းလင်းဆောင်ရွက်ခြင်းများအား နေ့စဉ်ဆောင်ရွက်လျက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM Net System အသုံးပြုခြင်းအား (၂၄-၆-၂၀၂၃) ရက်နေ့တွင် System Go Live အဖြစ်လည်းကောင်း၊ MIS Reporting System အသုံးပြုခြင်းအား (၃-၁-၂၀၂၃)ရက်နေ့တွင် System Go Live အဖြစ်လည်းကောင်း အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။


၄။        Network ဆိုင်ရာလုပ်ငန်းများဖြစ်သည့် System Upgrade ဆောင်ရွက်ခြင်း၊ Device ပျက်စီးမှုများ အစားထိုးလဲလှယ်ပြုပြင်ခြင်းများအား Banking Transaction ထိခိုက်မှုမရှိစေရေး အကောင်အထည်ဖော် လုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် Data Center ရှိ Banking Data & Customer Data များပျက်စီး ဆုံးရှုံးမှုများ မဖြစ်စေရန်ရည်ရွယ်၍ Disaster Recovery Data Center အား (၂၂-၁၂-၂၀၂၂) ရက်နေ့တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး Going on Process အဖြစ်လည်းကောင်း၊ Data Center ဆိုင်ရာ Facility & Infrastructure အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအား (၁၃.၃.၂၀၂၃) ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး Going on Process အဖြစ်လည်းကောင်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိပါသည်။


၅။        Hardware ဆိုင်ရာလုပ်ငန်းများဖြစ်သည့် လက်အောက်ဘဏ်ခွဲများ၏ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ပျက်စီး မှု့များပြုပြင်ခြင်း၊ အစားထိုးလဲလှယ်ခြင်းများအား Baking Transaction ထိခိုက်မှု့မရှိစေရေး အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။


၆။        ဌာနအနေဖြင့် ဘဏ်ခွဲများ၏ Banking System ကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက် System ဆိုင်ရာ Software များကောင်းမွန်စေရန်အတွက်လည်းကောင်း၊ Network လိုင်းများကောင်းမွန်စွာ အသုံးပြု နိုင်ရန်နှင့် ကွန်ပျူတာဆိုင်ရာဆက်စပ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရန်ရည်ရွယ်၍ အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါကြောင်း အစီရင်ခံအပ်ပါသည်။