ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အကျိုးအမြတ်ခွဲဝေခြင်း
၂၀၂၀ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့အထိရက်နေ့အထိ စုစုပေါင်းအကျိုးအမြတ်မှာ ကျပ်သန်းပေါင်း(၂၆၄.၉၁)ဖြစ်ပြီးအောက်ပါအတိုင်းခွဲဝေထားပါသည်။
ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အကျိုးအမြတ်ခွဲဝေခြင်း
၂၀၂၀ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့အထိရက်နေ့အထိ စုစုပေါင်းအကျိုးအမြတ်မှာ ကျပ်သန်းပေါင်း(၂၆၄.၉၁)ဖြစ်ပြီးအောက်ပါအတိုင်းခွဲဝေထားပါသည်။
(က) အထွေထွေ သီးသန့်ရန်ပုံငွေ(General Reserve)
၂နှစ်အလိုက် ဘဏ်မှရရှိသောအမြတ်မှ (၂၅%) ကို အထွေထွေ သီးသန့်ရန်ပုံငွေအဖြစ် ချန်ထားရပါမည် ။ ထိုသို့ချန်ထားရမည့်ငွေမှာ ကျပ်သန်းပေါင်း(၂၀၂.၀၄)ဖြစ်ပါသည်။ ယခုအထိ စုစုပေါင်း အထွေထွေသီးသန့်ရန်ပုံငွေမှာကျပ်သန်းပေါင်း(၂၄၅၅၉.၅၄)ဖြစ်ပါသည်။
(ခ) ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေ (Bad and Doubtful Debts)
ငွေကြေးအဖွဲ့အစည်းများ ဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းဥပဒေအရ နှစ်အလိုက်ဘဏ်မှ ထုတ်ချေးထားဆဲငွေ၏ (၂%) ပြည့်မီရန်လျာထားရပါသည်။ ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကြွေးဆုံးလျာထားငွေမှာ ကျပ်သန်းပေါင်း (၂,၁၀၀.၀၀) ဖြစ်ပါသည်။။ယခုထိ စုစုပေါင်း ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၁၁,၁၆၁.၃၅) ဖြစ်ပါသည်။
(ဂ) အရေးပေါ်သီးသန့်ရန်ပုံငွေ(Reserve for Contingency)
ပုဂ္ဂလိကဘဏ်တိုင်းသည် အရေးပေါ်ကိစ္စရပ်များအတွက် သီးသန့်ရန်ပုံငွေစာရင်းဖွင့်လှစ်ထားပြီး ဘဏ်၏ငွေကြေးအခြေအနေအရနှစ်စဉ် ဘဏ္ဍာငွေ ခွဲဝေထည့်သွင်းသွားရန် ဗဟိုဘဏ်မှ ညွှန်ကြားထားပါသည်။ ယခုနှစ်အတွင်းဤရန်ပုံငွေအတွက် (၂)နှစ်ကျော်၍ လာရောက်ထုတ်ယူခြင်းမရှိသည့် ငွေလွှဲကျပ်သန်း(၁၆.၃၇) ကိုလည်းထပ်မံထည့်သွင်းခဲ့သဖြင့် ယခုထိစုစုပေါင်းအရေးပေါ်သီးသန့်ရန်ပုံငွေမှာကျပ်သန်းပေါင်း (၁,၂၇၅.၀၃) ဖြစ်ပါသည်။
(ဃ) အာမခံလျော့နည်းငွေ( /Shortfall in the Value of Securities)
အာမခံလျော့နည်းမှုအပေါ် လျာထားငွေလက်ကျန်မှာ ကျပ်သန်းပေါင်း (၄၆၈.၅၃) ဖြစ်ပါသည်။
(င) အမြတ်ငွေလက်ကျန်(Profit or Loss)
ရှေ့နှစ်သို့ သယ်ဆောင်သွားရမည့်အမြတ်ငွေမှာ ကျပ်(၆.၁၄)သန်း ဖြစ်ပါသည်။
ဘဏ်ပိုင်ဆိုင်မှုအခြေအနေတင်ပြခြင်း
(Tangible Assets)
ကမ္ဘာ့ရတနာဘဏ်၏ပိုင်ဆိုင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စုစုပေါင်းဘဏ်၏ပစ္စည်းပိုင်ဆိုင်မှုတန်ဘိုးမှာ စုစုပေါင်းကျပ်သန်း (၆၇,၆၆၄.၇၆) ဖြစ်ပါသည်။
Intangible Assets - ၃,၀၆၆.၃၇ (ကျပ်သန်း)
နှစ်အလိုက်ဘဏ်၏အမြတ်အခြေအနေ
ကမ္ဘာ့ရတနာဘဏ်၏အမြတ်အခြေအနေ ၊ ရှယ်ယာရှင်များသို့ခွဲဝေပေးသောအမြတ်ဝေစုနှင့် အခွန်ထမ်းဆောင်မှုအခြေအနေများအား ဘဏ္ဍာနှစ်အလိုက် အောက်ပါဇယားတွင်ဖော်ပြထားပါသည်။
ဘဏ္ဍာနှစ် | ၁၀-၁၁ | ၁၁-၁၂ | ၁၂-၁၃ | ၁၃-၁၄ | ၁၄-၁၅ | ၁၅-၁၆ | ၁၆-၁၇ | ၁၇-၁၈ | ၁၈-၁၉ | ၁၉-၂၀ |
အမြတ်ငွေ | ၅,၁၆၇ | ၁၀,၀၉၈ | ၁၅,၃၁၀ | ၂၀,၀၅၇ | ၁၈,၃၀၉ | ၁၄,၄၉၅ | ၁၃,၁၇၀ | ၉,၈၁၈ | ၂၆၅ | ၉၁၈ |
အမြတ်ဝေစု | ၂၅% | ၂၄% | ၂၅% | ၂၃% | ၁၈% | ၁၅% | ၁၃% | ၆% | - | - |
အခွန်ထမ်းဆောင်မှု | ၁,၆၅၁.၆ | ၃,၃၅၄.၉ | ၃,၈၀၃.၃ | ၄,၉၉၇.၁ | ၄,၅၆၀.၉ | ၃,၆၁၆.၃ | ၃,၂၈၉.၅ | ၂,၄၅၂.၅ | ၅၁ | ၁၁၀ |