ဘဏ်ဝန်ထမ်းများအေးချမ်းစွာတာဝန်ထမ်းဆောင်နိုင်ရေးနှင့် သက်သာချောင်ချိရေးဆောင်ရွက်ခြင်း

ကမ္ဘာ့ရတနာဘဏ်လီမိတက်သည် ဝန်ထမ်းအင်အားတိုးချဲ့ခန့်ထားမှုအား အနည်းဆုံးထားရှိရန် မူဝါဒကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်၏ဝန်ထမ်းအင်အား (၃,၆၄၆) ဦးမှစတင်၍ သတ်မှတ်ခဲ့ပါသည်။ ဘဏ်၏ဝန်ထမ်းအင်အား ပြန်လည်ဖြည့်တင်းမှုကို ရာခိုင်နှုန်းနည်းပါးစွာဖြင့် တဖြည်းဖြည်းချင်း လျှော့ချခဲ့ရာ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း ဝန်ထမ်းအင်အား စုစုပေါင်း (၃,၃၇၂) ဦးမှ (၃,၂၁၅) ဦး အထိ လျှော့ချခဲ့ပါသည်။
၂၀၂၁-၂၀၂၂ မီနီ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြင့် ဝန်ထမ်းများကိုစိစစ်ပြီး (၈၅၇) ဦးကို အသိအမှတ်ပြုရာထူးတိုးမြှင့်ပေးခြင်း၊ ၂ဝ၂ဝ ခုနှစ်မှစတင်သော Covid-19 ကာလမှစတင်၍ ယခုကာလအတွင်းအထိ ကမ္ဘာ့ရတနာဘဏ်မှ ဝန်ထမ်းများသည် ဘဏ်လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ Covid-19 ကာလအတွင်း ဝန်ထမ်း (၁၃) ဦးနှင့် ယခုကာလအတွင်း ဘဏ်အတွက် မိမိ၏အသက်ကို ပဓာနမထားဘဲ သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း (၂) ဦး စုစုပေါင်း (၁၅) ဦး ကွယ်လွန်ခဲ့ပါသည်။
ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်အခြေခံ၍ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်းဝန်ထမ်း (၇၂၆) ဦးအား ရာထူးတိုးမြှင့်ပေးခဲ့ပါသည်။ ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းများ၏ အမျိုးသား၊ အမျိုးသမီးဝန်ထမ်းအင်အားအချိုး မျှတမှုရှိစေရန် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် အမျိုးသားဝန်ထမ်း (၁,၆၆ဝ) ဦး၊ အမျိုးသမီးဝန်ထမ်း (၁,၅၅၅) ဦးဖြင့် (၅၂း၄၈) အချိုးအထိ ညီမျှစေရန် ဆောင်ရွက်နိုင်ခဲ့ပါသည်
ကမ္ဘာ့ရတနာဘဏ်၏ ဘဏ်လုပ်ငန်းများကို လက်ရှိနှင့်အနာဂတ်တွင် လွှဲပြောင်းတာဝန်ယူ ထမ်းဆောင်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ဘဏ်ဝန်ထမ်းများ၏ အသက်အရွယ်အလိုက် ဝန်ထမ်းအင်အား မှာ အသက် (၃ဝ) အောက်လူငယ် (၄၅%)၊ အသက် (၃၁)နှင့်(၄ဝ) ကြား (၃၃%)၊ အသက် (၄၁)နှင့်(၅ဝ)ကြား (၁၂%)၊ အသက် (၅၁)နှင့်(၆ဝ) ကြား (၆%)၊ အသက် (၆၁)နှင့်(၆၅)ကြား (၂%)၊ အသက် (၆၅)အထက် (၁%) အချိုးဖြစ်ပါသည်။
ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်၊ အနာဂတ်တွင် ခေါင်းဆောင်မှုဆိုင်ရာတာဝန်များ လွှဲပြောင်းယူနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံံ့ဖြိုး တိုးတက်နေသော နည်းပညာပိုင်းဆိုင်ရာပညာရပ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ဘဏ်ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် ရည်ရွယ်၍ ရုံးတွင်းသင်တန်းများ၊ ရုံးပြင်ပသင်တန်းများ ပေးအပ်ခဲ့ပါသည်။ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း ရုံးတွင်းပိုင်းသင်တန်းနှင့် ရုံးပြင်ပသင်တန်းအနေဖြင့် ဝန်ထမ်းစုစုပေါင်း (၁၄ဝ) ဦး အား ဘဏ်ခွဲစီမံခန့်ခွဲမှုသင်တန်း၊ အကြီးတန်းစီမံခန့်ခွဲမှုသင်တန်း၊ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်နှင့် စပ်လျဉ်း၍ အသိပညာပေးသင်တန်း၊ Seminar များ စေလွှတ်၍ သင်တန်းများပေးအပ်ခဲ့ပါသည်။ ၎င်းအပြင် IT နည်းပညာပိုင်းဆိုင်ရာ သင်တန်း၊ ibanking/mbanking သင်တန်းများ၊ Basic Compliance သင်တန်း၊ ဥပဒေသင်တန်းများအား ဘဏ်ခွဲတိုင်းရှိဝန်ထမ်းများ သိရှိနားလည်စေရန် စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ဘဏ်သင်တန်းကျောင်းတွင် လည်းကောင်း၊ IT သင်တန်းကျောင်းတွင်လည်းကောင်း သင်ကြားပြီး အချို့အား Zoom ဖြင့် သင်တန်းပို့ချခဲ့ပါသည်။
ဘဏ်ဝန်ထမ်းများအားလုံး စိတ်ရောကိုယ်ပါ အေးချမ်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ယခင်ခံစားခွင့်များ ဖြစ်သော ထောက်ပံ့စရိတ်၊ ခရီးစရိတ်၊ စားသောက်စရိတ်၊ ကျန်းမာရေးစရိတ်၊ လူမှုသက်သာစရိတ်၊ ထပ်ဆောင်း အင်အားဖြည့်ငွေစရိတ်၊ ရှားပါးစရိတ်များ တိုးမြှင့်ပေးခြင်းအပြင် ဘဏ်ခွဲအလိုက်၊ ပုဂ္ဂိုလ်အလိုက် စွမ်းဆောင်မှုဂုဏ်ပြုဆုများ ပေးအပ်ခြင်း၊ နေထိုင်ခထောက်ပံ့စရိတ်၊ ပညာသည်ချီးမြှင့်ငွေစသည့်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ် နေထိုင်ခွင့်ပေးခြင်း၊ တူညီဝတ်စုံသစ်များစီစဉ်ပေးခြင်း၊ အချိန်ပိုလုပ်ခများ ခံစားခွင့်ပြုခြင်း၊ ဆုကြေးငွေများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းချေးငွေများထုတ်ချေးခြင်း၊ ဝန်ထမ်းများ၏ သာရေးနာရေးအတွက် လူမှုသက်သာ ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

one

လူမှုအကျိုးပြုဆောင်ရွက်မှု

ကမ္ဘာ့ရတနာဘဏ်လီမိတက်အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရတနာနှလုံးသားလူမှုအကျိုးပြုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပြီး အောက်ပါရည်မှန်းချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည် - -

(က)    ကျန်းမာရေးနှင့်ပတ်သက်၍ မရှိဆင်းရဲဝေဒနာရှင်များအား ဆေးဝါးအစားအသောက်နှင့် လိုအပ်သည်များ
             သွားရောက် ပံ့ပိုးဖြည့်ဆည်းပေးသွားရန်။
(ခ)   အနာဂတ်လူငယ်များ၏ ပညာရေး၊ ဘက်စုံထူးချွန်ရေးအတွက်လိုအပ်ချက်များ ဖြည့်ဆည်း၍လှူဒါန်းသွားရန်။

(ဂ)သဘာဝဘေးအန္တရာယ် ကျရောက်ခံစားမှုရှိပါက သက်ဆိုင်ရာဒေသသို့အရောက် လိုအပ်ချက်များ ပံ့ပိုးကူညီဖြည့်ဆည်း၍ လှူဒါန်းသွားရန်။
(ဃ)အမှီအခိုကင်းမဲ့သည့် သက်ကြီးရွယ်အိုများအား စားဝတ်နေရေး၊ ကျန်းမာရေးမှအစ လိုအပ်ချက်များ ဖြည့်ဆည်းကူညီစောင့်ရှောက်မှုပေးသွားရန်။

သို့ဖြစ်ပါ၍ မိမိတို့ဝန်ထမ်းများသည် ရရှိသောလစာငွေမှ လစဉ်တစ်ဦးလျှင် အနည်းဆုံး ငွေကျပ် (၃ဝဝဝ) ထည့်ဝင် လှူဒါန်းစုဆောင်း၍ ဖော်ပြပါရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၁.၄.၂ဝ၂၂) မှ (၃၁.၃.၂ဝ၂၃) ရက်နေ့ထိ လှူဒါန်းငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် အကြောင်းအရာ အကြိမ် လှူဒါန်းငွေ မှတ်ချက်
မိမိဘဏ်ဝန်ထမ်းများအတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေ ၅၅ ၂၁,၁၀၀,၅၁၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော နွမ်းပါးလူနာများအား ဆေးကုသစရိတ်ထောက်ပံ့ငွေ ၁၁ ၃,၈၃၁,၇၀၀
သာသနာရေးနှင့် ပတ်သက်၍ လှူဒါန်းငွေ ၂၀ ၁၀၆,၈၆၁,၇၅၀
ပရဟိတလှူဒါန်းငွေ ၁၃,၇၅၆,၀၅၀
စုစုပေါင်းလှူဒါန်းငွေ (ကျပ်) ၉၄ ၁၄၅,၅၅၀,၀၁၁

Activities of Global Treasure Bank

one
one

Activities of Global Treasure Bank

one
one

Activities of Global Treasure Bank

one
one

Activities of Global Treasure Bank

one