ကမ္ဘာ့ရတနာဘဏ်၏ ဘဏ်သမိုင်း


တည်ထောင်မှု

ကမ္ဘာ့ရတနာဘဏ်ကို၁၉၉၆ဖေဖော်ဝါရီ၁၅တွင်မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံဖြိုးရေးဘဏ်အဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင်မြန်မာရင်းနှီးမှုကော်မတီ၏ထောက်ခံမှုဖြင့်ကမ္ဘာ့ရတနာဘဏ်အဖြစ်ပြောင်းလဲခဲ့သည်။


ဘဏ်အမျိုးအစား

ကမ္ဘာ့ရတနာဘဏ်သည်မြန်မာနိုင်ငံကုမွပဏီများဆိုင်ရာအက်ဥပဒေ၊ဖေဖော်ဝါရီလ၆ရက်၊၁၉၉၆ ခုနှစ်ရက်စွဲပါ ၁၉၉၅-၁၉၉၆၏ပေါင်းစပ်ဖွဲ့စည်းခြင်းဆိုင်ရာအမှတ်(၁၃၇၅)၏လက်မှတ်နှင့်အတူအများနှင့်သက်ဆိုင်သောဘဏ်ဖြစ်ပါသည်။


လိုင်စင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်းဖေဖော်ဝါရီလ၁၅ရက်၊၁၉၉၆ခုနှစ်တွင်ပြည်တွင်းဘဏ်လုပ်ငန်းလိုင်စင်အမှတ်မဗဘ/ပီ-၁၅(၂)၉၆ဖြင့်ခွင့်ပြုပေးခဲ့ပါသည်။ငွေကြေးလဲလှယ်ခြင်းလိုင်စင်အားအောက်တိုဘာ၂၄ရက်၊၂၀၁၁ခုနှစ်တွင်ခွင့်ပြုချက်ရရှိခဲ့ပီးအခွင့်အာဏာအရအရောင်းကိုယ်စားလှယ်လိုင်စင်အမှတ်CBM-FEMD-64/2012ဖြင့်နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ဩဂုတ်လ၂၄ရက်၊၂၀၁၂ခုနှစ်တွင်ခွင့်ပြုချက်ရရှိခဲ့ပါသည်။


ငွေကြေးဆိုင်ရာ

၂၀၁၂ ခုနှစ်ဇူလှိုင်လတွင်ကမ္ဘာ့ရတနာဘဏ်မှအစုရှယ်ယာရှင်တစ်ခုလျှင် ကျပ်ငါးသိန်းဖြင့် မတည်ရင်းနှီးငွေ ကျပ်၃၅ဘီလီယံ၊အစုရှယ်ယာရှင်ပေါင်း၇၀,၀၀၀နှင့်အစုရှယ်ယာရှင်အားလုံးအားအများပြည်သူထံသို့ထုတ်ပေးခဲ့ပါသည်။၂၀၁၃ခုနှစ်တွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတည်ပြုချက်ဖြင့်အစုရှယ်ယာရှင်များကို ကျပ်၇၀ဘီလီယံအထိတိုးမြှင့်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း၎င်းကျပ်၇၀ဘီလီယံမှကျပ်၄၅ဘီလီယံအားအများပြည်သူထံသို့အပြည့်အဝထုတ်ပေးခဲ့ပါသည်။


Department of Information & Technology
ဌာနလုပ်ငန်းဆောင်ရွက်မှု့ နှစ်ပတ်လည်အစီရင်ခံ

၁။ ကမ္ဘာ့ရတနာဘဏ် Department of Information & Technology သည် ရုံးချုပ်ဌာနများနှင့် လက်အောက်ခံ ဘဏ်ခွဲများအားလုံး Banking System လုပ်ငန်းများကောင်းမွန်မှန်ကန်စွာအသုံးပြုနိုင်ရန်နှင့် ဘဏ်ခွဲ Customer များအပေါ် အကောင်းဆုံးဝန်ဆောင်မှုဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ Admin Team, Software Team, Network Team & Hardware Team များအလိုက် ဌာနလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ Software ဆိုင်ရာလုပ်ငန်းများဖြစ်သည့် Infosys Core Banking System အား မှန်ကန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ အရာထမ်း၊ အမှုထမ်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အရာထမ်း သင်တန်းများအား သင်တန်းကာလ(၄)ရက်နှုန်းဖြင့် အရာထမ်း(၉၅)ဦးအားလည်းကောင်း၊ အမှုထမ်း သင်တန်းအား သင်တန်းကာလ (၃)လနှုန်းဖြင့် အမှုထမ်း (၅၁)ဦးတို့အား မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။

၃။ Software Team အနေဖြင့် Core Banking System ဆိုင်ရာ Upgrade ဆောင်ရွက်ခြင်း၊ ဘဏ်ခွဲ Transaction Issue များရှင်းလင်းဆောင်ရွက်ခြင်းများအား နေ့စဉ်ဆောင်ရွက်လျက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM Net System အသုံးပြုခြင်းအား (၂၄-၆-၂၀၂၃) ရက်နေ့တွင် System Go Live အဖြစ်လည်းကောင်း၊ MIS Reporting System အသုံးပြုခြင်းအား (၃-၁-၂၀၂၃)ရက်နေ့တွင် System Go Live အဖြစ်လည်းကောင်း အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။

၄။ Network ဆိုင်ရာလုပ်ငန်းများဖြစ်သည့် System Upgrade ဆောင်ရွက်ခြင်း၊ Device ပျက်စီးမှုများ အစားထိုးလဲလှယ်ပြုပြင်ခြင်းများအား Banking Transaction ထိခိုက်မှုမရှိစေရေး အကောင်အထည်ဖော် လုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် Data Center ရှိ Banking Data & Customer Data များပျက်စီး ဆုံးရှုံးမှုများ မဖြစ်စေရန်ရည်ရွယ်၍ Disaster Recovery Data Center အား (၂၂-၁၂-၂၀၂၂) ရက်နေ့တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး Going on Process အဖြစ်လည်းကောင်း၊ Data Center ဆိုင်ရာ Facility & Infrastructure အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအား (၁၃.၃.၂၀၂၃) ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး Going on Process အဖြစ်လည်းကောင်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိပါသည်။

၅။ Hardware ဆိုင်ရာလုပ်ငန်းများဖြစ်သည့် လက်အောက်ဘဏ်ခွဲများ၏ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ပျက်စီး မှု့များပြုပြင်ခြင်း၊ အစားထိုးလဲလှယ်ခြင်းများအား Baking Transaction ထိခိုက်မှု့မရှိစေရေး အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၆။ ဌာနအနေဖြင့် ဘဏ်ခွဲများ၏ Banking System ကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက် System ဆိုင်ရာ Software များကောင်းမွန်စေရန်အတွက်လည်းကောင်း၊ Network လိုင်းများကောင်းမွန်စွာ အသုံးပြု နိုင်ရန်နှင့် ကွန်ပျူတာဆိုင်ရာဆက်စပ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရန်ရည်ရွယ်၍ အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါကြောင်း အစီရင်ခံအပ်ပါသည်။


ကမ္ဘာ့ရတနာဘဏ်လီမိတက်
Channel Banking Department ၏
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်

၁။ ကမ္ဘာ့ရတနာဘဏ်၊ Channel Banking Department အနေဖြင့် ၂၀၁၉ခုနှစ်၊ ဧပြီလတွင် စတင် ထုတ်ဝေခဲ့သော GTB UPI Single brand Credit card ကို ၂၀၂၀ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် In house ထုတ်ဝေ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအထိ classic card (၂၅၄၀)နှင့် platinum card (၃၁၀) ထုတ်ဝေခဲ့ပြီး၊ credit card သုံးစွဲငွေပမာဏ ကျပ်(၄၉၂၄)သိန်းကျော်နှင့် ပြန်လည် ပေးသွင်းသည့် ပမာဏ ကျပ်(၄၅၉၉)သိန်းကျော် ရှိခြင်းကြောင့် သုံးစွဲငွေအပေါ် ပြန်လည်ပေးသွင်းမှု ရာခိုင်နှုန်း (၉၃.၄%) ရှိပါသည်။

၂။ ကမ္ဘာ့ရတနာဘဏ်တွင် ငွေစုဘဏ်စာရင်း(တစ်ဦးချင်း)နှင့် စာရင်းရှင်စာရင်း(တစ်ဦးချင်း) ဖွင့်လှစ် ထားသူများသည် iBanking/ mbanking ဝန်ဆောင်မှုကို ရယူနိုင်ပြီး၊ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအထိ Retail customer (၆၄၅၇)ဦးနှင့် corporate customer(၉၈)ဦး ရှိပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် iBanking/ mbanking လုပ်ငန်းဆောင်ရွက်မှုပမာဏ ကျပ်(၃.၉)ဘီလီယံရှိခဲ့ပြီး၊ ယခု၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် (၈.၂) ဘီလီယံကျော်အထိ ပိုမိုအသုံးပြုလာကြပါသည်။

၃။ ဆက်လက်၍ ကမ္ဘာ့ရတနာဘဏ်တွင် အပ်ငွေစာရင်းဖွင့်လှစ်ထားသူများ၏ ပေးချေမှုများကို အဆင်ပြေစေရန်နှင့် ငွေသားကိုင်တွယ်အသုံးပြုမှု လျော့ချနိုင်ရန်အတွက် ၎င်းတို့အား Credit card များ ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့ရတနာဘဏ်တွင် ငွေစုဘဏ်စာရင်းနှင့် စာရင်းရှင်စာရင်း ဖွင့်လှစ်ထားသူများ၏ online banking transactions များ အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် iBanking/ mbanking ဝန်ဆောင်မှုကို ရယူနိုင်ရေး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။