ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)
(Incorporated in the Republic of the Union of Myanmar)
ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)၏ရှယ်ယာရှင်များထံသို့
“လွတ်လပ်သောစာရင်းစစ် အစီအရင်ခံစာ”


ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးမှု အစီအရင်ခံစာ ကောက်နုတ်ချက်

ခြွင်းချက်ပြုထားသောစာရင်းစစ်ထင်မြင်ယူဆချက်

ကျွန်ုပ်တို့သည် ကမ္ဘာ့ရတနာဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(ဘဏ်)၏ ၂၀၂၂ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့ ကုန်ဆုံးသော မီနီဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများဖြစ်သော ဘဏ္ဍာရေး အခြေအနေပြ လက်ကျန်ရှင်းတမ်း၊ အရှုံး (သို့မဟုတ်) အမြတ်နှင့် အခြားအလုံးစုံသော ဝင်ငွေရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း၊ သိသာထင်ရှားသည့် ဘဏ္ဍာရေးစာရင်းကိုင်မူဝါဒများနှင့် ဘဏ္ဍာရေးရှင်းတမ်းများနှင့် သက်ဆိုင်သော ရှင်းလင်းချက်မှတ်စုများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်မှာ ကျွန်ုပ်တို့၏ အစီရင်ခံစာတွင် ဖော်ပြထားသော ခြွင်းချက်ပြု ထားသော ထင်မြင်ယူဆချက် အခြေခံအချက်များအပိုင်း၏ သက်ရောက်မှုမှလွဲ၍ ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်း များမှာ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်း စံများနှင့်အညီ သင့်တင့်လျော်ကန်စွာ ရေးဆွဲထားပြီး ၂၀၂၂ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့ ရှိ ဘဏ္ဍာရေးအခြေအနေပြ လက်ကျန်ရှင်းတမ်း၊ အမြတ် (သို့) အရှုံးနှင့် အခြားအလုံးစုံ ပြဝင်ငွေရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း များမှာ သင့်လျော်မှန်ကန်ပါသည်ဟု ထင်မြင်ယူဆပါသည်။


စာရင်းစစ်အထူးပြုထင်မြင်ယူဆချက်၏ အခြေခံအချက်များ (Basic for qualified opinion)

(က)ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေ၏ အတိုးစာရင်း (Interest on Loan and Overdraft A/C)

ကမ္ဘာ့ရတနာဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၃၁.၃.၂၀၂၂ နေ့ ကုန်ဆုံးသော ၂၀၂၁-၂၀၂၂ မီနီဘဏ္ဍာရေးနှစ်အတွင်းတွင် Interest on Loans and Overdrafts Accounts တွင် စာရင်းတင် ထားခဲ့သော အချို့သော (Overdraft, Term Loan and OD to Term Loan) စာရင်းများသည် ဗဟိုဘဏ်၏ ချေးငွေအမျိုးအစားသတ်မှတ်ခြင်း စည်းမျဉ်း ၁၇/၂၀၁၇ အရ ရရန်မသေချာသော (သို့မဟုတ်) ရလမ်းမရှိသော ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများ (Non-Performing Loan – NPL) အပေါ်မှ ရရန်ရှိအတိုးဝင်ငွေများကို ယခင်ဘဏ္ဍာရေးနှစ်များကတည်းက Interest Income အဖြစ် စာရင်းတင်ခဲ့သောကြောင့် ပြန်လည်၍ Deferred Income အဖြစ် Accrued Interest Adjusting Account သို့စာရင်းညှိနှိုင်းရန် လိုအပ်နေသေး ကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် Overdraft Accounts များအား written off ပြုလုပ်ရာတွင် Accrued Interest Adjusting A/c နှင့် စာရင်းညှိနှိုင်းရန် လိုအပ်သောပမာဏ၊ နှစ်အတွင်း အချို့သော Loan Closed Accounts များမှာ စာရင်းရှင်းသွားရမည်ဖြစ်သော်လည်း Accrued Interst Adjusting A/c တွင်ကျန်ရှိနေသေးသောကြောင့် စာရင်းညှိနှိုင်းရန် လိုအပ်သောပမာဏနှင့် ဘဏ္ဍာရေးနှစ်အတွင်း အချို့သော OD and Term Loan Accounts များမှာ Non-Performing Loan status မှ Performing Loan status သို့ ရောက်ရှိသွားသောကြောင့် ဝင်ငွေအဖြစ်စာရင်းရေးသွင်းသင့်သော်လည်း Accrued Interest Adjusting A/c တွင် စာရင်းကျန်ရှိနေသော ပမာဏကို Statement of Profit or Loss and Other Comprehensive Income Account နှင့် Retained Earnings တွင် ပြန်လည်၍ စာရင်းညှိနှိုင်းသင့်သော်လည်း ယခုမီနီဘဏ္ဍာနှစ်အတွင်း စာရင်းညှိနှိုင်းမှုများ ပြုလုပ်ထားခြင်း မရှိသေးပါ။

(ခ)စာရင်းပိတ်ရရန်ရှိ အတိုးစာရင်း (Closing Accured Income Receivable)

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ဘဏ်၏စာရင်းပိတ်ရရန်ရှိ အတိုးလက်ကျန်စာရင်းပိတ် (Closing Accrued Income Receivable balances) မှ ရန်ကုန်ဘဏ်ခွဲ၏ Overdraft accounts စာရင်းပိတ်ရရန်ရှိ အတိုးလက်ကျန်ငွေများမှာ လွန်ခဲ့သောနှစ်များမှ ရရှိမည်ဟုခန့်မှန်း၍ ရရန်ရှိဖော်ထားခဲ့သော်လည်း ယခု ဘဏ္ဍာရေးနှစ်အထိ ကောက်ခံ၍မရရှိသောကြောင့် တန်ဖိုးပျက်ယွင်းမှု (Impaired) ဖြစ်နေသော ရရန်ရှိ အတိုးလက်ကျန် ဖြစ်ပါသည်။ ထို Impaired ဖြစ်နေသော ရရန်ရှိအတိုးလက်ကျန်ကို ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် ၁၇/၂ဝ၁၇ အပိုဒ် ၉ အရ ရရန်မသေချာသော ချေးငွေအဖြစ် သတ်မှတ်လိုက်သည့်ရက် မှစ၍ ကောက်ခံမရရှိသေးသော ရရန်ရှိအတိုးအားလုံးကို အတိုးဝင်ငွေအဖြစ် စာရင်းရေးသွင်းခြင်းကို ဆိုင်းငံ့ ထားရမည်။ ထို့အပြင် စေ့ရောက်ပြီး၍ စာရင်းရေးသွင်းထားသော အတိုးဝင်ငွေများကိုလည်း ပြန်လည် ဖယ်ထုတ်ရမည်ဟု ညွှန်ကြားချက်နှင့်အညီ အဆိုပါပမာဏကို allowance for impairment အဖြစ် Statement of Profit or Loss and Other Comprehensive Income Account တွင် (Written off) စာရင်းပယ်ဖျက်ခြင်းပြုလုပ်၍ စာရင်းညှိနှိုင်းမှုပြုလုပ်သင့်သော်လည်း ယခုဘဏ္ဍာရေးနှစ်အတွင်း ထိုစာရင်း ညှိနှိုင်းမှုများ ပြုလုပ်ထားခြင်းမရှိသေးကြောင်းတွေ့ရှိရပါသည်။