ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)
(Incorporated in the Republic of the Union of Myanmar)


ဘဏ္ဍာရေးရှင်းတမ်းများနှင့် ၎င်းတို့အပေါ်စာရင်းစစ်အစီရင်ခံစာမှအပ အခြားသတင်းအချက်အလက်များ

ဘဏ်၏စီမံအုပ်ချုပ်မှုအဖွဲ့သည် ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပတ်သက်၍ အခြားသတင်းအချက် အလက်များအတွက် တာဝန်ရှိပါသည်။ ထိုအခြားသတင်းအချက်အလက်များမှာ စာမျက်နှာ ၁ မှ ၅ အထိ တင်ပြထားပြီး၊ ၂၀၂၂ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော မီနီဘဏ္ဍာရေးနှစ်အတွက် အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာလည်း ပါရှိပါသည်။

ကျွန်ုပ်တို့သည် ထိုအခြားသတင်းအချက်အလက်များနှင့် ပတ်သက်၍ မည်သည့်ထင်မြင်ယူဆချက်မှ ပေးရန်မရည်ရွယ်ပါ။ ကျွန်ုပ်တို့အနေဖြင့် ထိုသတင်းအချက်အလက်များနှင့် ပတ်သက်၍ ကျိုးကြောင်း ဆီလျော် သေချာမှု ရှိ/မရှိ နှင့် စပ်လျဉ်း၍ ကောက်ချက်ချမည်မဟုတ်ကြောင်းကိုလည်း ထပ်ဆင့်တင်ပြ အပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏တာဝန်မှာ အခြားသတင်းအချက်အလက်များကို ဖတ်ရှုရန်နှင့် ထိုအခြားသတင်းအချက်အလက်များမှာ ဘဏ္ဍာရေး ရှင်းတမ်းများ (သို့မဟုတ်) စာရင်းစစ်ဆေးနေစဉ် ရရှိခဲ့သော ကျွန်ုပ်တို့၏ အတွေ့အကြုံအရ ကြီးမားစွာ လိုက်လျောညီထွေမှုမရှိလျှင်သော်လည်းကောင်း (သို့မဟုတ်) အခြားတစ်နည်းအားဖြင့် ကြီးမားသော မှားယွင်းမှုဖြစ်ပေါ်လာခြင်း ရှိ/မရှိ စဉ်းစားဆင်ခြင်သုံးသပ်ပါမည်။ ကျွန်ုပ်တို့ဆောင်ရွက်ခဲ့သော ဆောင်ရွက်ချက်များအရ ထိုအခြားသတင်းအချက်အလက်များမှာ ကြီးမားသောကွဲလွဲချက်ရှိခဲ့လျှင် ကျွန်ုပ်တို့အနေနှင့် နောက်ဆုံး အပြီးသတ်ဆင်ခြင်သုံးသပ်၍ ထိုကွဲလွဲချက်ကို အစီရင်ခံတင်ပြရန် လိုအပ်မည်ဖြစ်သော်လည်း အထက်အပိုဒ်တွင် တင်ပြထားသကဲ့သို့ အခြားသတင်းအချက်အလက်များ ရရှိမှုတွင် ကန့်သတ်ချက်များရှိနေသဖြင့် ကျွန်ုပ်တို့၏ စာရင်းစစ် ထင်မြင်ယူဆချက်တွင် ထိုအခြားသော သတင်းအချက်အလက်များနှင့် ပတ်သက်၍ ထင်မြင်ယူဆချက် ပေးရန်တာဝန်မရှိပါ။

ဘဏ်၏ စီမံအုပ်ချုပ်မှုအဖွဲ့မှ ဆုံးရှုံးရန်အလားအလာရှိသော ချေးငွေများအား အကဲဖြတ်ခြင်းနှင့် ဆုံးရှုံးမှုများအား လုံလောက်သော သီးခြားလျာထားမှုပြုလုပ်ရန်အတွက် စာရင်းသွင်းချက်များကို အထောက်အကူပြုသည့် မှတ်တမ်းများအား ပြည့်စုံစွာ ထိန်းသိမ်းထားရှိသော်လည်း အာမခံတန်ဖိုး လျော့နည်းမှုအတွက် သီးခြားလျာထားခြင်းကို ဗဟိုဘဏ်၏ အမိန့်ကြော်ငြာ စာအမှတ် (၁၇/၂ဝ၁၇) နှင့် စာအမှတ် မဗဘ/MP/FIR (၁၅၄/၂၀၂၀)အရ သုံးနှစ်အတွင်း အညီအမျှခွဲဝေလျာထားမှုပြုလုပ်ရန် ညွှန်ကြား ထားသော်လည်း ဘဏ်အနေဖြင့် ယခုမီနီဘဏ္ဍာရေးနှစ်အတွင်း ကျပ် ၃,၄၀၀,၀၀၀,၀၀၀ သာလျာထားမှု ပြုလုပ်ထားကြောင်း တွေ့ရှိရပါသည်။


ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ဘဏ်၏စီမံအုပ်ချုပ်သူများနှင့် ကြီးကြပ်သူဒါရိုက်တာများ၏တာဝန်များ

ဘဏ်၏ စီမံအုပ်ချုပ်မှုအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို စနစ်တကျပြုစုရေးဆွဲခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ တင်ပြခြင်း ပြုလုပ်ရန် တာဝန်ရှိပါသည်။ လိမ်လည်မှုနှင့် စာရင်းအမှားကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲချက်အပေါ်တွင် ကြီးမားသော မှားယွင်းဖော်ပြချက်မှ ကင်းလွတ်ရန် မရှိမဖြစ် လိုအပ်သော လုပ်ငန်းဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်ကို ချမှတ်ထားရန်နှင့် စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိပါသည်။ စီမံခန့်ခွဲမှုအပိုင်းအနေဖြင့် ဘဏ်၏ ဘဏ္ဍာရေးအစီရင်ခံမှုဖြစ်စဉ် တစ်လျှောက်လုံးကို စောင့်ကြည့်ရန် တာဝန်ရှိပါသည်။ ထို့အပြင် ဘဏ်၏ ဘဏ္ဍာရေးအခြေအနေမှန်ကို ရေးဆွဲတင်ပြရာတွင် ဘဏ်၏ ပိုင်ဆိုင်ပစ္စည်းများကို စနစ်တကျထိန်းသိမ်းထားရှိခြင်းနှင့်အတူ ဘဏ်၏လုပ်ငန်းစီမံအုပ်ချုပ်မှုတွင် ထူးခြားအရေးပါသော ဘဏ္ဍာရေးဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်ထားခြင်းနှင့် စာရင်းခန့်မှန်းချက်များ ပြုစုခြင်းတို့ကို စနစ်တကျ သတ်မှတ်ထားရန် တာဝန်ရှိပါသည်။