ကမ္ဘာ့ရတနာဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေများခွဲဝေခြင်း

၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် (၇၂.၃၆) သန်း ပေးဆောင်ပြီးနောက် အောက်ပါအတိုင်း ရန်ပုံငွေများ ခွဲဝေထားပါသည် -

(က)       အထွေထွေသီးသန့်ရန်ပုံငွေ (General Reserve)

ဥပဒေအရ နှစ်အလိုက် ဘဏ်မှရရှိသော အမြတ်၏ (၂၅%) ဖြစ်သော ကျပ် (၆၄.၁၄) သန်းကို အထွေထွေသီးသန့်ရန်ပုံငွေအဖြစ် လျာထားခဲ့ပါသည်။



ဘဏ်တွင်းစာရင်းစစ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

ကမ္ဘာ့ရတနာဘဏ်၊ ဘဏ်တွင်းစာရင်းစစ်ဌာန (Internal Audit Department) မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သီးခြားလွတ်လပ်သော ဒါရိုက်တာမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော စာရင်းစစ်ကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ရုံးချုပ်ဌာနများနှင့် ဘဏ်ခွဲများ၏ နေ့စဉ် စာရင်းပိတ်လုပ်ငန်းများ၊ လချုပ်စာရင်းများ၊ ချေးငွေလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ၊ စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းများအား စာရင်းစစ်ကော်မတီ၏ လမ်းညွှန်မှု၊ ညွှန်ကြားမှုများကို ခံယူ၍ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါသည်။


AML/CFT ဆောင်ရွက်မှုအခြေအနေ

ကမ္ဘာ့ရတနာဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့စသည့် အဖွဲ့အစည်းများနှင့်ဆက်စပ်၍ လုပ်ငန်း တာဝန်များအား အောက်ဖော်ပြပါ ဥပဒေများ၊ Guidelines ၊ Instruction များနှင့်အညီ လိုက်နာ ဆောင်ရွက် လျက်ရှိပါသည် -


၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသောနှစ်အတွက် ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာ

ဒါရိုက်တာအဖွဲ့သည် ၂ဝ၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၌ ကုန်ဆုံးသောနှစ်အတွက် အစီရင်ခံစာကို စာရင်းစစ်ဆေးပြီးသော ကမ္ဘာ့ရတနာဘဏ် (အများပိုင်ကုမ္ပဏီလီမိတက်)၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်အတူ တင်ပြအပ်ပါသည် -

(က) အစီရင်ခံစာပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ၂ဝ၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ရှိသော ဘဏ်၏ဘဏ္ဍာရေးအခြေအနေနှင့် ၎င်းနေ့ရက်တွင် ကုန်ဆုံးသောနှစ်အတွက် ဘဏ်၏ ရှယ်ယာနှင့် ငွေသားစီးဆင်းမှုများတွင်ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများနှင့် ဘဏ္ဍာရေး လုပ်ဆောင်ချက်တို့ကို မှန်ကန်မျှတစွာ သုံးသပ်ရေးဆွဲထားသည်။


ဘဏ်၏ချေးငွေများအပေါ် အတိုးကောက်ခံခြင်းကာလ ရွှေ့ဆိုင်းခြင်းနှင့် ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်း အစီအစဉ်များ

COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် မိုခါမုန်တိုင်းတို့သည် မြန်မာ့စီးပွားရေးနှင့် ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်)၏ Customer များအပေါ် ရိုက်ခတ်မှုများရှိခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ရတနာဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်၍ အပြည့်အဝပေးဆပ်နိုင်ရန် အတွက်လည်း ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ထားနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့ရတနာဘဏ် သည် Customer များအတွက် လိုအပ်သည့် အားပေးပံ့ပိုးမှုများအဖြစ် ကျွန်ုပ်တို့၏ Customer များအား ပြင်ပ ပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ ကူညီလမ်းညွှန်မှုပေးခြင်း ၎င်းတို့ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ကိုသက်သာစေရန် အထူးဖြေလျှော့ပေးခြင်း၊ ဆိုင်းငံ့ပေးခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းဟူသော လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည် -


ဘဏ္ဍာရေးရှင်းတမ်းများနှင့် ၎င်းတို့‌အပေါ် စာရင်းစစ်အစီရင်ခံစာမှအပ အခြားသတင်းအချက်အလက်များ

အခြားသတင်းအချက်အလက် ဖော်ပြထားခြင်းများသည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ အဆိုပါ အခြား သတင်းအချက်အလက်များတွင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအပါအဝင်ဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ် အစီရင်ခံစာများ မပါဝင်ပါ။ ကျွန်တော်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် စပ်လျဉ်းသော ထင်မြင်ယူဆချက်သည် အခြားသတင်း အချက်အလက်များနှင့် မသက်ဆိုင်ပါ။ ယင်းပေါ်တွင် အခြေခံသည့် မည်သည့်အာမခံချက်ဆိုင်ရာ ကောက်နုတ်ချက်များကိုမျှ ဖော်ပြမည်မဟုတ်ပါ။


ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးမှုအပေါ် စာရင်းစစ်၏တာဝန်များ

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည်ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်းဆိုင်ရာ စံများနှင့်အညီ စာရင်းစစ်ဆေးထားခြင်းသည် အရေးပါသော မှားယွင်း ဖော်ပြမှု တစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုးမဟုတ်ပါ။


ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (Incorporated in the Republic of the Union of Myanmar)
အခြားသောဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်း လိုအပ်ချက်ပေါ်တွင် အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂ဝ၁၇ ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့သည် -


၃၁ မတ်လ၊ ၂၀၂၆ နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (Incorporated in the Republic of the Union of Myanmar) ၃၁ မတ်လ၊ ၂၀၂၅ နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း


၃၁ မတ်လ၊ ၂၀၂၆ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်အတွက် အရှုံး(သို့)အမြတ်နှင့် အခြားအလုံးစုံဝင်ငွေပြရှင်းတမ်း

ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (Incorporated in the Republic of the Union of Myanmar) ၃၁ မတ်လ၊ ၂၀၂၆ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်အတွက် အရှုံး(သို့)အမြတ်နှင့် အခြားအလုံးစုံဝင်ငွေပြရှင်းတမ်း

၃၁ မတ်လ၊ ၂၀၂၆ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (Incorporated in the Republic of the Union of Myanmar) ၃၁ မတ်လ၊ ၂၀၂၆ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

၃၁ မတ်လ၊ ၂၀၂၆ ကုန်ဆုံးသောဘဏ္ဍာရေးအတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုပြောင်းလဲခြင်းရှင်းတမ်း

ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (Incorporated in the Republic of the Union of Myanmar) ၃၁ မတ်လ၊ ၂၀၂၆ ကုန်ဆုံးသောဘဏ္ဍာရေးအတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုပြောင်းလဲခြင်းရှင်းတမ်း