ကမ္ဘာ့ရတနာဘဏ်၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကြီးကို လတ်တလော ကျန်းမာရေးအခြေအနေများအရ Virtual Meeting (Video Conference) ဖြင့် (၂၅.၉.၂၀၂၆) ရက် (သောကြာနေ့)၊ နံနက် (၁၁:၃၀) နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ကြမည့် အစုရှယ်ယာရှင်များအနေဖြင့် ကမ္ဘာ့ရတနာဘဏ်၏ GTB Website www.gtbmm.com တွင် တင်ပြထားသည့် Online Register Form ပုံစံကို ဖြည့်စွက်၍ Email Address: [email protected] သို့ (၂၂.၉.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ပေးပို့လာသည့် အစုရှယ်ယာရှင်များကို ဘဏ်မှစိစစ်ပြီး အစည်းအဝေး ကျင်းပမည့်အချိန်မတိုင်မီ Meeting Link အား ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းပေးအပ်ပါသည်။
"အထူးသတိပြု ကာကွယ်ရမှာ အွန်လိုင်းပေါ်မှ ငွေလိမ်လည်မှုအန္တရာယ်များကိုပါ" Customer များ၏ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ e-mail များအစရှိသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မိမိတို့၏ လူမှုကွန်ရက် (Social Media) အွန်လိုင်းများပေါ်တွင် မျှဝေခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ရန်အတွက် သတိပြု ရှောင်ရှားရမည် ဖြစ်ပြီး မသမာသူများသည် Customer များ၏ ငွေကြေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို နည်းလမ်းမျိုးစုံအသုံးပြုကာ ရယူနိုင်သည့်အတွက် အထူးသတိထားကာ ဂရုပြုလုပ်ဆောင်လိုက်ပါ....
https://www.facebook.com/GlobalTreasureBank https://t.me/globaltreasurebank