"ရေဘေးကူညီ GTB"
“ရေဘေးကူညီ GTB” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ GTB ဘဏ်မှ ယခုနှစ်ရေဘေးသင့်ပြည်သူများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်ကာ ရေဘေးသင့်ဒေသများဖြစ်သော နေပြည်တော် တိုင်းဒေသကြီးရှိ နေပြည်တော်၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့၊ မန္တလေးတိုင်းဒေသကြီးရှိ တံတားဦးမြို့၊ ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူနှင့် ဆွာမြို့များသို့ ဘဏ်ဝန်ထမ်းများ သွားရောက်၍ လိုအပ်နေသည့် ငွေကြေး၊ စားနပ်ရိက္ခာများ၊ ရေသန့်များ၊ အဝတ်အစားများနှင့် အခြားလိုအပ် နေသောပစ္စည်းများကို စေတနာ သဒ္ဓါတရား ထက်သန်စွာ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။