Take look at our

Our GTB Branch

ကမ္ဘာ့ရတနာဘဏ်တွင်customersများသွားလာရေးလွယ်ကူစေဖို့အတွက်
ဘဏ်ခွဲပေါင်းမျာစွာကိုတိုင်းဒေသကြီး
အသီးသီးတွင်ဖွင့်လှစ်ထားပါသည်။
ရှာဖွေပါ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ယက် စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ကြပါသည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများဖြစ်ကြပါသည်။



one

ဥက္ကဋ္ဌ၏ ဥယျောဇဉ်

ကျွန်တော်တို့ရဲ့ ကမ္ဘာ့ရတနာဘဏ်ကို ၁၅ ဖေဖော်ဝါရီ ၁၉၉၆ မှာ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁ ဇူလိုင် ၂၀၁၃ မှစ၍ ကမ္ဘာ့ရတနာဘဏ်လီမိတက် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) အမည်သို့ ပြောင်းလဲပြင်ဆင်ပြီး ဘဏ်နှင့်ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၃၁) ကြိမ်မြောက် နှစ်ပတ်လည်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လက်ရှိတွင် ဘဏ်ခွဲ (၁၇၀) ဘဏ်၊ ဘဏ်ခွဲငယ် (၇) ဘဏ် စုစုပေါင်းဘဏ်ခွဲ (၁၇၇) ဘဏ်အထိ ဖွင့်လှစ်ထားသော်လည်း လက်ရှိဖြစ်ပေါ်နေသော နယ်မြေဒေသလုံခြုံရေးအရ ဘဏ်ခွဲပေါင်း (၃၄) ဘဏ်အား ခေတ္တပိတ်သိမ်းထားပြီး (၁၄၃) ဘဏ်ဖြင့် အများပြည်သူတို့၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

လေးစားတန်ဖိုးထားရပါသော ဂုဏ်သရေရှိ အစုရှယ်ယာရှင်များနှင့် မိတ်ဆွေသင်္ဂဟအပေါင်း ဘဏ်နှစ်ပတ်လည်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လက်ရှိတွင် ဘဏ်ခွဲ (၁၇၀) ဘဏ်၊ ဘဏ်ခွဲငယ် (၇) ဘဏ် စုစုပေါင်းဘဏ်ခွဲ (၁၇၇) ဘဏ်အထိ ဖွင့်လှစ်ထားသော်လည်း လက်ရှိဖြစ်ပေါ်နေသော နယ်မြေဒေသလုံခြုံရေးအရ ဘဏ်ခွဲပေါင်း (၃၄) ဘဏ်အား ခေတ္တပိတ်သိမ်းထားပြီး (၁၄၃) ဘဏ်ဖြင့် အများပြည်သူတို့၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။


နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၀၁၈ မှစတင်၍ Infosys ၏ Core Banking System အား Go-Live ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဘဏ်လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအလိုက် Banking System Upgrade ဆောင်ရွက်ခြင်း၊ Network Connection များ ကောင်းမွန်စွာအသုံးပြုနိုင်ရန်နှင့် Security ဆိုင်ရာများအား ခေတ်စနစ်နှင့် အညီ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ ဘဏ်ခွဲဝန်ထမ်းများ Banking System ကောင်းမွန်စွာအသုံးပြုနိုင်စေရန်၊ အသုံးပြုသော စက်ပစ္စည်းများကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စေရန်နှင့် တိုးတက်ပြောင်းလဲလာသော နည်းပညာသုံးစွဲမှု စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် Department of Information & Technology မှ ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။
ကမ္ဘာ့ရတနာဘဏ်အနေဖြင့် မိမိတို့၏ Customer များအား မြန်မာနိုင်ငံပြည်တွင်းသာမက ကမ္ဘာ့အရပ်ရပ်ရှိ နိုင်ငံပေါင်း (၁၈၁) နိုင်ငံတွင်ပါ အသုံးပြုနိုင်မည့် နိုင်ငံတကာသုံး အကြွေးဝယ်ယူခွင့်ကတ်များ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် UnionPay International (UPI) နှင့် ပူးပေါင်း၍ (GTB UnionPay Single Brand Credit Card) များကို ထုတ်ဝေလျက်ရှိပါသည်။
ကမ္ဘာ့ရတနာဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Authorized Dealer Licence ခွင့်ပြုချက်ဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ Money Changer Counter များဖွင့်လှစ်၍ USD, EURO, SGD, THAI BAHT, MYR များ ရောင်းချပေးလျက်ရှိပါသည်။ ထို့ပြင် Correspondent Bank (၄) ခုတွင် Nostro A/C များဖွင့်လှစ်၍လည်းကောင်း၊ နိုင်ငံခြားဘဏ်(၄)ခုတွင် အဆက်အသွယ်ဘဏ် RMA တည်ထောင်၍ လည်းကောင်း၊ Export/Import Services ၊ Bank Guarantee လုပ်ငန်း၊ Trade Finance TT, L/C လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် Western Union နှင့်ချိတ်ဆက်၍ International Money Transfer များကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ကမ္ဘာ့နိုင်ငံပေါင်း (၇၄) နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှ ပေးပို့ခဲ့ သည့် Transaction စောင်ရေ (၄၅,၇၄၁) ကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဓိကငွေလွှဲနိုင်ငံများမှာ မလေးရှား ၊ ဂျပန်၊ အမေရိကန် ၊ စင်္ကာပူ၊ ထိုင်း တို့ဖြစ်ပါသည်။
ထို့ပြင် GTB နှင့် UAB တို့ပူးပေါင်း၍ ပင်လယ်ရေကြောင်းကုန်သွယ်မှု (Normal Trade) နှင့် နယ်စပ် ကုန်သွယ်ရေး (Border Trade) တို့၌ ငွေလွှဲပြောင်းပေးချေခြင်းနှင့် ငွေလက်ခံခြင်းလုပ်ငန်းစဉ်အတွက် နှစ်ဦး သဘောတူစာချုပ် (Bilateral Agreement) ရေးထိုးပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုချက် ရရှိပါက လုပ်ငန်းများဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။
ကမ္ဘာ့ရတနာဘဏ်၏ Product အသစ်ဖြစ်သည့် GTB Mobile Wallet (GTB Pay, GTB Agent, GTB Merchant) Application များဖြင့် Digital Banking စနစ်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ပြီး GTB Pay အချင်းချင်း ငွေလွှဲပို့နိုင်ခြင်း၊ ဖုန်းဘေလ်ဖြည့်နိုင်ခြင်း၊ မီတာဘေလ်များပေးဆောင်နိုင်ခြင်း၊ ဝန်ထမ်းများ၏ လစာများ၊ ဘောနပ်များအား Salary Payment ဖြင့် ပေးဆောင်နိုင်ခြင်း၊ ကြိုက်နှစ်သက်ရာ MyanmarPay MMQR Merchant များတွင်ပေးချေခြင်း၊ အခြားဘဏ်များရှိ Application များမှ GTB Merchant များ၏ QR သို့ ပေးချေမှုအား လက်ခံဆောင်ရွက်ပေးခြင်း စသည်တို့ကို‌ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
GTB Pay/ GTB Agent ကိုအသုံးပြု၍ လျှပ်စစ်မီတာဘေလ်ပေးဆောင်မှုများအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့အပြင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်ဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ပေးဆောင်နိုင်ပြီဖြစ်ပါသည်။
Compliance Department မှလည်း ၁၁ မတ် ၂၀၂၆ တွင်ထုတ်ပြန်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်အညီ Compliance Policy, Risk Management Policy များအား Update ဖြစ်စေရန်ဆောင်ရွက်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ဘဏ်ခွဲများရှိ Compliance Officer ဘဏ်တာဝန်ခံများနှင့် ဝန်ထမ်းများ အသိပညာရရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သတင်းပို့ရန်တာဝန်များကို ဝန်ထမ်းများ သိရှိလိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ရတနာဘဏ်အနေဖြင့် CSR လုပ်ငန်းများကို ဆောင်ရွက်ရန် ရတနာနှလုံးသားလူမှုအကျိုးပြု အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပရဟိတလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်ကြုံတွေ့ရသည့်ဒေသများ၊ ဆင်းရဲနွမ်းပါးလူနာများ၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် ကျပ်(၁၀၆.၆၉)သန်းကို ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပြီး အစီအရင်ခံကာလအထိ ငွေကျပ် (၁,၁၁၅.၈၉) သန်းကျော် ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသည်။
ကမ္ဘာ့ရတနာဘဏ်သည် အစုရှယ်ယာရှင်များ၏ အကျိုးအမြတ်အတွက် မျက်ခြည်မပြတ် စီစဉ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ခေတ်မီနည်းပညာတိုးတက်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာ့ရတနာဘဏ်၏ ဆောင်ပုဒ်ဖြစ်သော “သင့်ရည်မှန်းချက်အောင်မြင်ရေး၊ GTB မှ ဖြည့်ဆည်းပေး” “Your Dream Your Success, Global Treasure Bank” ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ဘဏ်လုပ်ငန်းများနှင့် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းများတွင် ပိုမိုတိုးတက်အောင်မြင်သည့် ဘဏ်တစ်ခု အဖြစ်သို့ရောက်ရှိရန် အလေးအနက်ယုံကြည်ပါကြောင်း ဆန္ဒပြုအပ်ပါသည်။


Take look at our

Our services & Products

Loans

ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ

အငှား၀ယ်စနစ်

Trade Finance

Trading လုပ်ငန်းများအတွက် Telegraphic Transfer(TT)

iBanking/mBanking

GTB iBanking

GTB mBanking

Core Banking

Core Banking System အတွက်လုပ်ငန်းတိုးတက်ဆောင်ရွက်ချက်များ

Deposit

ငွေစုဘဏ်စာရင်းများ

စာရင်းရှင်အပ်ငွေများ

စာရင်းသေအပ်ငွေများ

Foreign Exchange

အပြည်ပြည်ဆိုင်ရာငွေလွှဲလုပ်ငန်းများ

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း

Remittance

Internal Remittance

Foreign Remittance

Domestic Remittance

Card Bussiness

It is of great important to apply technologr for the development of banking