one

ဘဏ်၏မတည်ငွေရင်း

ဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်သန်းပေါင်း (၇ဝ,ဝဝဝ) ဖြစ်ပြီး အစုရှယ်ယာတစ်စုလျှင် ကျပ် (၁ဝ,ဝဝဝ) ဖြင့် အစုရှယ်ယာပေါင်း (၇,ဝဝဝ,ဝဝဝ) သတ်မှတ်ထားပါသည်။ ပုဂ္ဂိုလ်တစ်ဦး (သို့) စီးပွားရေး အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်ခွင့်ရှိသော အစုရှယ်ယာအရေအတွက်ကို ခွင့်ပြုမတည်ငွေရင်း၏ (၅%) အထိ ပိုင်ဆိုင်နိုင်ခွင့်ရှိပြီး အနည်းဆုံး အစုရှယ်ယာစောင်ရေ (၃ဝ,ဝဝဝ)၊ တန်ဖိုး ကျပ်သန်း (၃ဝဝ)နှင့်အထက် ဝယ်ယူပိုင်ဆိုင်ထားသူသည် ဘဏ်ဒါရိုက်တာအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိပါသည်။

၃၁ မတ် ၂ဝ၂၆ အထိ အပြည့်အဝထည့်ဝင်ပြီး အစုရှယ်ယာအရေအတွက်မှာ (၆,၂၄၃,၆၅ဝ) ဖြစ်ပြီး အစုရှယ်ယာတန်ဖိုးမှာ ကျပ် (၆၂,၄၃၆.၅၀) သန်း ဖြစ်ပါသည်။

စဉ် ရှယ်ယာအစုအရေအတွက် ရှယ်ယာရှင်အရေအတွက် ရှယ်ယာတန်ဖိုး(ကျပ်)
၁ မှ ၁၀၀ ၂၆၄ ၁၉၄,၅၀၀,၀၀၀
၁၀၁ မှ ၅၀၀ ၂၀၄ ၆၃၈,၀၀၀,၀၀၀
၅၀၁ မှ ၁၀၀၀ ၁၁၄ ၉၂၈,၀၀၀,၀၀၀
၁၀၀၁ မှ ၃၀၀၀ ၁၅၃ ၂,၇၇၆,၀၀၀,၀၀၀
၃၀၀၁ မှ ၅၀၀၀ ၅၂ ၂,၁၃၈,၅၀၀,၀၀၀
၅၀၀၁ မှ ၁၀,၀၀၀ ၄၄ ၃,၄၂၈,၅၀၀,၀၀၀
၁၀,၀၀၁ မှ ၃၀,၀၀၀ ၄၁ ၇,၃၇၁,၀၀၀,၀၀၀
၃၀,၀၀၁ အထက် ၅၀ ၄၄,၉၆၂,၀၀၀,၀၀၀
စုစုပေါင်း ၉၂၂ ၆၂,၄၃၆,၅၀၀,၀၀၀

ဘဏ်၏မတည်ငွေရင်းအခြေပြဂရပ်

one
one