ချေးငွေအမျိုးအစားများ

ကမ္ဘာ့ရတနာဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲများမှတစ်ဆင့် ဈေးကွက်ထဲသို့ ချေးငွေ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ဘဏ်အနေနှင့်ဆောင်ရွက်နေသော ချေးငွေဝန်ဆောင်မှု များကို Corporate နှင့် Consumer ဟူ၍ (၂) ပိုင်း ခွဲခြားပြီး ချေးငွေအမျိုးအစား တစ်ခုချင်းစီကို အောက်ပါအတိုင်း ထုတ်ချေးလျက်ရှိပါသည် -



(၁)စာရင်းပိုထုတ်ချေးငွေ (Overdraft Loan)

ဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းလှည့်လည်သုံးစွဲငွေ (Working Capital) လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်နေသော ငွေချေးယူလိုသည့် သုံးစွဲသူ များကို စာရင်းပိုထုတ်ချေးငွေ (Overdraft Loan) အား အခါအားလျော်စွာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးပါသည်။

(၂)ကာလသတ်မှတ်ချက်ချေးငွေ (Term Loan)

ဘဏ်သည် ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၄ နိုဝင်ဘာ ၂ဝ၁၇ ပါ ညွှန်ကြားချက်အမှတ် (၇/၂ဝ၁၇) အရ စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းထပ်မံတိုးချဲ့ရန်နှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် (Term Loan) ချေးငွေကို သက်တမ်း (၁) နှစ်ဖြင့် ထုတ်ချေးပါ သည်။

(၃)အာမခံမဲ့ချေးငွေ (Unsecured Loan)

ဘဏ်သည် မေ ဘဏ်သည် မေ ၂၀၂၀ မှစ၍ လုပ်ငန်းအသစ်အဖြစ် တိုးချဲ့၍ ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ် ဖြစ်သည့် အာမခံမဲ့ချေးငွေ (Unsecured Loan) လုပ်ငန်းအား ဗဟိုဘဏ်၏ လိုအပ်သလို‌ ပြောင်းလဲပြင်ဆင်သည့်အတိုးနှုန်း ညွှန်ကြားချက်နှင့်အညီ သက်တမ်းကာလ (၁) နှစ်ဖြင့် ထုတ်ချေးဆောင်ရွက်လျက်ရှိပါသည်။ ယခင် Term Loan အာမခံပစ္စည်းအပေါ်တွင် ခွင့်ပြု ထားသော ချေးငွေအပြင် Customer မှ ထပ်မံ၍ လုပ်ငန်းတိုးချဲ့ရန်နှင့် အရင်းအနှီးထည့်ဝင် လို၍ လျှောက်ထားလာခြင်းအပေါ် ထပ်မံထုတ်ချေးပေးလျက်ရှိပါသည်။

(၄)စီမံကိန်းချေးငွေ (Project Loan)

ပြည်ထောင်စု (သို့) ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက် သော တင်ဒါလုပ်ငန်းများအပေါ် လုပ်ကိုင်ခွင့်ရကုမ္ပဏီများနှင့် ဆောင်ရွက်ခွင့်ရ Customer များအပေါ် ဘဏ်(ရုံးချုပ်)၏ စိစစ်ခွင့်ပြုချက်ဖြင့် စီမံကိန်းချေးငွေ (Project Loan) များကို ချေးငွေဌာန၏ ညွှန်ကြားချက်များ၊ မူဝါဒများချမှတ်၍ ထုတ်ချေးလျက်ရှိပါသည်။

(၅)ပြည်သူ့ဝန်ထမ်းချေးငွေ(Government Staff Loan)

ဘဏ်သည် ဘဏ်သည် ဇူလိုင် ၂ဝ၁၇ တွင် ဘဏ်၏ဝင်ငွေရရှိရေး လုပ်ငန်းတစ်ရပ်ဖြစ်သော ပြည်သူ့ဝန်ထမ်းများ (ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ) အား လစာ၏ (၃) ဆနှုန်းဖြင့် ဘဏ်ခွဲ၊ နယ်မြေများရှိ ပြည်သူ့ဝန်ထမ်းများ (ပညာရေးဝန်ထမ်းများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ) ကိုထုတ်ချေးခဲ့ပါသည်။

(၆)ဈေးဆိုင်ခန်းချေးငွေ (Market Loan)

ဘဏ်သည် ဘဏ်သည် ချေးငွေလုပ်ငန်းအသစ်တစ်ရပ်ဖြစ်သည့် ဈေးဆိုင်ခန်းချေးငွေ Market Loan ကို သက်ဆိုင်သူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပိုင်ဆိုင်မှုတင်ပြနိုင်သည့် ဈေးဆိုင်ခန်းပိုင်ရှင်များ၊ အငှားဈေးဆိုင်ခန်း ဆောင်ရွက်သူများကို စိစစ်၍ ချေးငွေအမျိုးအစားတစ်ရပ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၇)အငှားဝယ်လုပ်ငန်းချေးငွေ(Hire Purchase)

ကမ္ဘာ့ရတနာဘဏ်မှ အငှားဝယ်စနစ်ချေးငွေလုပ်ငန်းကို မေ ၂၀၁၂ မှစ၍ ပစ္စည်းရောင်းချ သည့် ကုမ္ပဏီကြီး(၁၁)ခုနှင့်ချိတ်ဆက်၍ အိမ်စီးကားများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံးစက်ယန္တရားများနှင့် လူနေတိုက်ခန်းများ ဝယ်ယူမှုအတွက် ချေးငွေထုတ် ပေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ အိမ်စီးကားများနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံး စက်ယန္တရားများဝယ်ယူမှုအတွက် အဓိကထုတ်ချေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးရေ (၁၄၃)၊ အတိုးနှုန်း၊ ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခအဖြစ် ဝင်ငွေကျပ် (၅၇.၃၉) သန်း ရရှိပါသည်။


(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ် ဦးရေ ၀င်ငွေ
Rental Fees Commision Service Charges စုစုပေါင်း
၂၀၂၁-၂၀၂၂ ၂၂၆ ၉၀.၄၅ ၃.၆၆ ၂.၂၃ ၉၆.၃၄
၂၀၂၂-၂၀၂၃ ၁၉၀ ၁၉၂.၅၅ ၂.၉၄ ၄.၈၉ ၂၀၀.၃၈
၂၀၂၃-၂၀၂၄ ၁၇၃ ၁၃၈.၇၄ ၀.၈၈ ၀.၅၉ ၁၄၀.၂၁
၂၀၂၄-၂၀၂၅ ၁၅၆ ၇၄.၅၁ ၂.၁၁ ၁.၄၇ ၇၈.၀၉
၂၀၂၅-၂၀၂၆ ၁၄၃ ၅၃.၅၅ ၂.၂၆ ၁.၅၈ ၅၇.၃၉

(၈)အိမ်ရာချေးငွေ (Home Loan)

ဘဏ်သည် ပုံမှန်ဝင်ငွေရှိသူများမှ နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် မြေဝယ်ယူရန် (သို့မဟုတ်) မြေနှင့် အဆောက်အဦးဝယ်ယူရန် (သို့မဟုတ်) ကွန်ဒို၊ တိုက်ခန်း ဝယ်ယူရန်အတွက် လိုအပ်ငွေကို သက်တမ်း (၁၅) နှစ်မှ (၂၅) နှစ်ကာလဖြင့် ချေးငွေ ထုတ်ချေးပေးသည့် လုပ်ငန်းအား နိုဝင်ဘာ ၂၀၂၄ မှစ၍ ညွှန်ကြားချက်များ၊ မူဝါဒများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၉)ဝန်ထမ်းချေးငွေ(Staff Loan)

ဘဏ်သည် ဘဏ်ဝန်ထမ်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အတွက် ဩဂုတ် ၂ဝ၂၂ မှစ၍ ဝန်ထမ်းချေးငွေ ထုတ်ချေးလျက်ရှိပါသည်။

(၁၀)Credit Card

နည်းပညာတိုးတက်ပြောင်းလဲလာမှုနှင့်အညီ ပြည်တွင်း၊ ပြည်ပရှိ ATM များတွင် ကတ်ဖြင့် ငွေသားထုတ်ယူခြင်း၊ POS နှင့် Online ငွေပေးချေမှုများ ဆောင်ရွက်ခြင်း တို့အတွက် GTB UninPay Single Brand Credit Card များကို ထုတ်ဝေခဲ့ပါသည်။


စီးပွားရေးကဏ္ဍအသီးသီးသို့ ငွေကြေးပံ့ပိုးမှုအခြေအနေ

(က)ကမ္ဘာ့ရတနာဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိသော ချေးငွေအမျိုးအစားအလိုက် ငွေကြေးပံ့ပိုးမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ် ချေးငွေ(Team Loan) စာရင်းပိုထုတ်ချေးငွေ (Overdraft) အငှားဝယ်စနစ်လုပ်ငန်း စီမံကိန်းချေးငွေ ပြည်သူ့ဝန်ထမ်းချေးငွေ ဈေးဆိုင်ခန်းချေးငွေ(Market Loan) Home Loan Credit cardချေးငွေ
၂၀၂၁-၂၀၂၂ ၃၁၆,၇၉၈.၄၄ ၂၁၇,၃၄၀.၇၆ ၁၀,၂၇၄.၃၉ ၂၄,၁၅၃.၀၀ ၁၄,၆၀၇.၂၁ - - ၇၃.၂၀
၂၀၂၂-၂၀၂၃ ၂၇၄,၀၉၇.၈၅ ၂၀၈,၉၇၆.၅၇ ၈,၃၂၈.၁၂ ၄၇,၇၃၆.၄၅ ၁၀,၉၃၄.၃၂ ၄၈၈.၇၂ - ၇၄.၅၀
၂၀၂၃-၂၀၂၄ ၂၆၄,၇၃၄.၀၅ ၁၅၈,၈၇၄.၈၅ ၇,၃၄၉.၂၇ ၈၉,၀၁၄.၃၃ ၉,၇၅၁.၇၁ ၇၈၄.၂၀ - ၁၃၃.၁၄
၂၀၂၄-၂၀၂၅ ၂၄၉,၅၈၆.၅၆ ၁၀၈,၃၄၆.၇၀ ၆,၉၇၃.၉၄ ၁၄၄,၀၁၆.၃၈ ၈,၉၅၄.၂၅ ၅၅၆.၇၄ ၂၄,၄၀၉.၄၁ ၇၂.၂၂
၂၀၂၅-၂၀၂၆ ၂၇၇,၄၅၇.၃၂ ၈၁,၉၈၂.၅၄ ၆,၇၈၁.၂၅ ၁၂၀,၂၂၁.၃၈ ၈,၀၉၂.၀၁ ၅၇၈.၈၁ ၁၃,၂၅၆.၀၄ ၉၀.၂၂

(ခ)ကမ္ဘာ့ရတနာဘဏ်မှ စီးပွားရေးကဏ္ဍအသီးသီးသို့ ငွေကြေးပံ့ပိုးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ် စက်မှုလုပ်ငန်း သယ်ယူပို့ဆောင်‌ရေးလုပ်ငန်း ကုန်သွယ်မှုလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်း သား/ငါးထုတ်လုပ်မှုလုပ်ငန်း အထွေထွေလုပ်ငန်း စုစုပေါင်း
၂၀၂၁-၂၀၂၂ ၂၃၇.၇၉ ၁၅,၆၁၂.၁၄ ၁၀၅,၈၇၆.၆၆ ၁၃၉,၄၅၆.၁၁ ၃၃,၆၈၃.၇၀ ၂၄၂,၃၅၆.၄၂ ၄၆,၀၂၄.၁၈ ၅၈၃,၂၄၇.၀၀
၂၀၂၂-၂၀၂၃ ၅၁.၆၀ ၁၄,၄၂၅.၁၁ ၁၁၅,၅၄၉.၇၂ ၉၈,၂၄၈.၆၉ ၃၂,၇၈၁.၀၅ ၂၂၇,၃၅၀.၀၀ ၆၂,၂၃၀.၃၇ ၅၅၀,၆၃၆.၅၄
၂၀၂၃-၂၀၂၄ ၅၁.၆၀ ၁၀,၃၀၃.၄၈ ၁၄၅,၉၄၀.၉၃ ၉၃,၄၇၄.၄၄ ၂၉,၆၉၇.၈၄ ၁၉၂,၅၁၉.၃၅ ၅၈,၆၅၃.၉၁ ၅၃၀,၆၄၁.၅၅
၂၀၂၄-၂၀၂၅ - ၃၆,၁၇၈.၅၀ ၆၀,၆၉၉.၆၈ ၁၈၇,၃၈၂.၃၆ ၆၅,၆၁၉.၁၅ ၁၉၂,၉၀၁.၆၆ ၁၃၄.၈၅ ၅၄၂,၉၁၆.၂၀
၂၀၂၅-၂၀၂၆ - ၁၆,၄၁၁.၀၆ ၇၄,၈၉၈.၇၂ ၁၉၀,၄၆၆.၂၈ ၅၆,၈၅၄.၉၅ ၁၆၉,၆၇၆.၂၇ ၁၅၂.၂၉ ၅၀၈,၄၅၉.၅၇