အာမခံကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်မှုအခြေအနေ

ကမ္ဘာ့ရတနာဘဏ်အနေဖြင့် ဇွန် ၂ဝ၂ဝ မှစ၍ ပြင်ပအာမခံကုမ္ပဏီ(၃)ခုနှင့် ချိတ်ဆက်ပြီး အာမခံ လုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဘဏ်ချေးငွေလုပ်ငန်း နှင့် ပတ်သက်သော အာမခံလုပ်ငန်းများကို ရုံးချုပ်(ချေးငွေဌာန)မှ တာဝန်ယူဆောင်ရွက်ပြီး ဘဏ်ချေးငွေ လုပ်ငန်းနှင့် မသက်ဆိုင်သောအာမခံလုပ်ငန်းများ၊ အာမခံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း များကို ရုံးချုပ် (ဥပဒေရေးရာဌာန)မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ၉ ဇန်နဝါရီ ၂ဝ၁၇ မှစတင်၍ မြန်မာ့အာမခံလုပ်ငန်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အာမခံကိုယ်စားလှယ် သင်တန်း တက်ရောက်ခန့်အပ်ထားသည့် ဘဏ်ဝန်ထမ်း အာမခံကိုယ်စားလှယ် (၆ဝ) ဦးသည် Agent များ အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင် ဘဏ်ချေးငွေနှင့် မသက်ဆိုင်သော အာမခံ လုပ်ငန်းများအတွက် အကျိုးတူဆောင်ရွက်ခဲ့သည့် အာမခံကုမ္ပဏီများမှ အကျိုးခံစားခွင့်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

စဉ် ကုမ္ပဏီများ Premium ရရှိသည့် (Income)
Agent Fee Commision Total
GGI 2,972,720.00 128,143.00 20,493.00 148,636.00
YI & YIL 60,257,620.35 4,534,661.82 10,331,524.07 14,866,185.89
CTLI - 412,727.00 18,535.00 431,262.00
Total 63,230,340.35 5,075,531.82 10,370,552.07 15,446,083.89