အာမခံကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်မှုအခြေအနေ

ကမ္ဘာ့ရတနာဘဏ်အနေဖြင့် ဇွန် ၂ဝ၂ဝ မှစ၍ ပြင်ပအာမခံကုမ္ပဏီ (၃) ခုဖြစ်သော GGI ၊ YI & YIL ၊ CTLI (Life) တို့နှင့်ချိတ်ဆက်ပြီး အာမခံလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဘဏ်ချေးငွေလုပ်ငန်းနှင့်ပတ်သက်သော အာမခံလုပ်ငန်းများကို ရုံးချုပ် (ချေးငွေဌာန)မှ တာဝန်ယူဆောင်ရွက်ပြီး ဘဏ်ချေးငွေလုပ်ငန်းနှင့် မသက်ဆိုင်သော အာမခံလုပ်ငန်းများ၊ အာမခံကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို ရုံးချုပ် (ဥပဒေရေးရာဌာန) မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။ ၉ ဇန်နဝါရီ ၂ဝ၁၇ မှစတင်၍ မြန်မာ့အာမခံလုပ်ငန်းနှင့် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး ဖွင့်လှစ်သော အာမခံကိုယ်စားလှယ်သင်တန်း တက်ရောက်ခန့်အပ်ထားသည့် ဘဏ်ဝန်ထမ်း အာမခံ ကိုယ်စားလှယ် (၅၅) ဦးသည် Agent များအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။