ကမ္ဘာ့ရတနာဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေများခွဲဝေခြင်း


၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် (၅ဝ.၈၈) သန်း ပေးဆောင်ပြီးနောက် အောက်ပါအတိုင်း ရန်ပုံငွေများ ခွဲဝေထားပါသည် -

(က)       အထွေထွေ သီးသန့်ရန်ပုံငွေ(General Reserve)

ဥပဒေအရ နှစ်အလိုက် ဘဏ်မှရရှိသော အမြတ်၏ (၂၅%) ဖြစ်သော ကျပ် (၄၅.၁ဝ) သန်းကို အထွေထွေသီးသန့်ရန်ပုံငွေအဖြစ် လျာထားခဲ့ပါသည်။ ယခုဘဏ္ဍာနှစ်အထိ စုစုပေါင်း အထွေထွေသီးသန့်ရန်ပုံငွေမှာ ကျပ် (၂၄,၉၄၃.၄၇) သန်း ဖြစ်ပါသည်။

(ခ)       ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေ (Bad and Doubtful Debts)

ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေအရ ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေကို ဘဏ္ဍာနှစ်ကုန်ဆုံးသည့်နေ့ရှိ ဘဏ်မှထုတ်ချေးထားသည့် ငွေ၏ (၂%) ကိုပြည့်မီရန် လျာထား ရပါသည်။ ယခုဘဏ္ဍာနှစ်အထိ ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေမှာ (၂%) ပြည့်မီလျက်ရှိပြီး ယခုအထိစုစုပေါင်း ကြွေးဆုံးပယ်ဖျက်မှု ရန်ပုံငွေလက်ကျန်မှာ ကျပ် (၁၂,၃၆၁.၃၅) သန်း ဖြစ်ပါသည်။

(ဂ)       အရေးပေါ်သီးသန့်ရန်ပုံငွေ (Reserve for Contingency)

ပုဂ္ဂလိကဘဏ်တိုင်းသည် အရေးပေါ်ကိစ္စရပ်များအတွက် သီးသန့်ရန်ပုံငွေကို ဘဏ်၏ အမြတ်ပေါ်မူတည်၍ နှစ်စဉ်ဘဏ္ဍာငွေ ခွဲဝေထည့်သွင်းသွားရန် ဗဟိုဘဏ်၏ ညွှန်ကြားချက် အရ ယခုဘဏ္ဍာနှစ်အတွင်း ဤရန်ပုံငွေအတွက် ကျပ်သန်း (၁ဝဝ) လျာထားခဲ့ပါသည်။ (၂)နှစ်ကျော်၍ လာရောက်ထုတ်ယူခြင်းမရှိသည့် ငွေလွှဲကျပ် (၃.၅၂) သန်းနှင့် (၁ဝ)နှစ် ဆက်တိုက် အသွင်းအထုတ်ပြုလုပ်ခြင်းမရှိသည့် အပ်ငွေစာရင်းကျပ် (၃၄.၆၂) သန်းကို ထည့်သွင်းထားသဖြင့် ယခုထိစုစုပေါင်းအရေးပေါ်သီးသန့်ရန်ပုံငွေမှာ ကျပ် (၂,၇၆၈.၂၂) သန်း ဖြစ်ပါသည်။

(ဃ)       အာမခံလျော့နည်းငွေ (Shortfall in the Value of Securities)

အာမခံလျော့နည်းမှုအပေါ် ယခုဘဏ္ဍာနှစ်အထိ စုစုပေါင်းလျာထားငွေ လက်ကျန်မှာ ကျပ် (၄,၃၆၈.၅၃) သန်းဖြစ်ပါသည်။

(င)       အမြတ်ငွေ (Profit or Loss)

ရှေ့နှစ်သို့ သယ်ဆောင်သွားရမည့် အမြတ်ငွေမှာ ကျပ် (၃၅.၃၁) သန်းဖြစ်ပါသည်။

ဘဏ်၏ပုံသေပိုင်ပစ္စည်းများအခြေအနေ

ကမ္ဘာ့ရတနာဘဏ်၏ ပုံသေပိုင်ပစ္စည်းများပိုင်ဆိုင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည် -


(က) Tangible Assets (Property, Plant & Equipment)

(၁)       မြေ - ကျပ်   (၂၅,ဝ၁၄.၇၉)သန်း
(၂)       အဆောက်အဦး - ကျပ်   (၂၉,၅၄၉.၄၆)သန်း
(၃)       စက်ပစ္စည်းနှင့်အခြားဆက်စပ်ပစ္စည်း - ကျပ်     (၃,၉၃၈.၅၆)သန်း
(၄)       ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ - ကျပ်        (၈၈၂.၁၁) သန်း
(၅)       မော်တော်ယာဉ် - ကျပ်       (၈၅၇.ဝ၆) သန်း
(၆)       ပရိဘောဂပစ္စည်းများ - ကျပ်       (၃၉၅.၉၇) သန်း
(၇)       မြေပြုပြင်ခြင်း (Land Improvement) - ကျပ်        (၄၂၂.၆၈) သန်း
           စုစုပေါင်း - ကျပ် (၆၁,ဝ၆ဝ.၆၃) သန်း

(ခ) Intangible Assets(Software) -   ကျပ် (၂,၈၉၁.၇၁) သန်း


နှစ်အလိုက် ဘဏ်၏အမြတ်ငွေအပေါ် အခွန်ထမ်းဆောင်မှု


ကမ္ဘာ့ရတနာဘဏ်၏ အမြတ်ငွေအပေါ် နိုင်ငံတော်သို့ အခွန်ထမ်းဆောင်မှုအခြေအနေများအား ဘဏ္ဍာနှစ်အလိုက် အောက်ပါအတိုင်းတင်ပြအပ်ပါသည် -



one