ကမ္ဘာ့ရတနာဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေများခွဲဝေခြင်း
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် (၇၂.၃၆) သန်း ပေးဆောင်ပြီးနောက် အောက်ပါအတိုင်း ရန်ပုံငွေများ ခွဲဝေထားပါသည် -
ကမ္ဘာ့ရတနာဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေများခွဲဝေခြင်း
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် (၇၂.၃၆) သန်း ပေးဆောင်ပြီးနောက် အောက်ပါအတိုင်း ရန်ပုံငွေများ ခွဲဝေထားပါသည် -
(က) အထွေထွေ သီးသန့်ရန်ပုံငွေ(General Reserve)
ဥပဒေအရ နှစ်အလိုက် ဘဏ်မှရရှိသော အမြတ်၏ (၂၅%) ဖြစ်သော ကျပ် (၆၄.၁၄) သန်းကို အထွေထွေသီးသန့်ရန်ပုံငွေအဖြစ် လျာထားခဲ့ပါသည်။
(ခ) ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေ (Bad and Doubtful Debts)
ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေအရ ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေကို ဘဏ္ဍာနှစ်ကုန်ဆုံးသည့်နေ့ရှိ ဘဏ်မှထုတ်ချေးထားသည့် ငွေ၏ (၂%) ကိုပြည့်မီရန် လျာထား ရပါသည်။ ယခုဘဏ္ဍာနှစ်အထိ ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေမှာ (၂%) ပြည့်မီပါသည်။
(ဂ) အရေးပေါ်သီးသန့်ရန်ပုံငွေ (Reserve for Contingency)
ပုဂ္ဂလိကဘဏ်တိုင်းသည် အရေးပေါ်ကိစ္စရပ်များအတွက် သီးသန့်ရန်ပုံငွေကို ဘဏ်၏ အမြတ်ပေါ်မူတည်၍ နှစ်စဉ်ဘဏ္ဍာငွေ ခွဲဝေထည့်သွင်းသွားရန် ဗဟိုဘဏ်၏ ညွှန်ကြားချက် အရ ယခုဘဏ္ဍာနှစ်အတွင်း ဤရန်ပုံငွေအတွက် ကျပ်သန်း (၁၅၀) လျာထားခဲ့ပါသည်။
(ဃ) အာမခံလျော့နည်းငွေ (Shortfall in the Value of Securities)
အာမခံလျော့နည်းမှုအပေါ် ယခုဘဏ္ဍာနှစ်အတွင်း ဤရန်ပုံငွေအတွက် ကျပ်သန်း (၃၀၀) လျာထားခဲ့ပါသည်။
(င) အမြတ်ငွေ (Profit or Loss)
ရှေ့နှစ်သို့ သယ်ဆောင်သွားရမည့် အမြတ်ငွေမှာ ကျပ် (၄၂.၄၁) သန်းဖြစ်ပြီး အမြတ်ငွေစုစုပေါင်း (Retained Earning) မှာ ကျပ် (၄,၂၃၁.၁၉) သန်းဖြစ်ပါသည်။
ဘဏ်၏ပုံသေပိုင်ပစ္စည်းများအခြေအနေ
ကမ္ဘာ့ရတနာဘဏ်၏ ပုံသေပိုင်ပစ္စည်းများပိုင်ဆိုင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) Tangible Assets (Property, Plant & Equipment)
(ခ) Intangible Assets(Software) - ကျပ် (၄,၁၂၃.၉၉) သန်း
နှစ်အလိုက် ဘဏ်၏အမြတ်ငွေအပေါ် အခွန်ထမ်းဆောင်မှု
ကမ္ဘာ့ရတနာဘဏ်၏ အမြတ်ငွေအပေါ် နိုင်ငံတော်သို့ အခွန်ထမ်းဆောင်မှုအခြေအနေများအား ဘဏ္ဍာနှစ်အလိုက် အောက်ပါအတိုင်းတင်ပြအပ်ပါသည် -
ဘဏ်၏ဘဏ္ဍာနှစ်အလိုက်အပ်ငွေအခြေအနေ
၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်မှ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အထိ အပ်နှံငွေအခြေအနေများကို ဂရပ်ဖြင့် ဖော်ပြထားပါသည် -