ဘဏ်ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေ
ကမ္ဘာ့ရတနာဘဏ်ဒါရိုက်တာအဖွဲ့သည်
၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းဖွဲ့စည်းမှု အင်အားကို (၂,၇၇၂) ဦး မှ (၂,၃၄၇) ဦး ဖြင့်
ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသား၊ အမျိုးသမီး အင်အားအချိုးမျှတမှုရှိစေရန် ယခုဘဏ္ဍာနှစ်တွင်
ဝန်ထမ်းများ ခန့်ထားတာဝန်ထမ်းဆောင်မှုမှာ အမျိုးသားဝန်ထမ်း (၁,၂ဝ၇) ဦး၊ အမျိုးသမီးဝန်ထမ်း (၁,၁၄ဝ)
ဦး ဖြင့် (၅၁း၄၉) အချိုးဖြစ်ပါသည်။ အနာဂတ်ကာလတွင် ဘဏ်လုပ်ငန်းများကို လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်
အသက်အရွယ်အလိုက် ဝန်ထမ်းအင်အားမှာ -
(၁)အသက် ၃ဝ အောက်လူငယ် ၃၅%
(၂) အသက် ၃ဝ နှင့် ၄ဝ ကြား ၃၅%
(၃) အသက် ၄ဝ နှင့် ၅ဝ ကြား ၁၇%
(၄)အသက် ၅ဝ နှင့် ၆ဝ ကြား ၉%
(၅)အသက် ၆ဝ နှင့် ၆၅ ကြား ၂%
(၆)အသက် ၆၅ အထက် ၂% အချိုးဖြစ်ပါသည်။
ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းများကို အောက်ပါရည်ရွယ်ချက်များဖြင့် ဘဏ်တွင်းသင်တန်းကျောင်း ဖွင့်လှစ်ပြီး နှစ်စဉ် သင့်တော်သည့် သင်တန်းများ ပို့ချခြင်း၊ ပြင်ပသင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များသို့ တက်ရောက်စေခဲ့ပါသည် -- (က) အနာဂတ်တွင်ရည်မှန်းထားသော ဘဏ်လုပ်ငန်းများနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်၊
- (ခ) ခေတ်နှင့်အညီနည်းပညာရပ်များ နားလည်တတ်ကျွမ်းစေရန်၊
- (ဂ) မိမိတို့ဆောင်ရွက်နေသောလုပ်ငန်းများကို ကျွမ်းကျင်နားလည်ပြီး ပိုမိုကောင်းမွန်သော နည်းလမ်းများကို တွေ့ရှိဆောင်ရွက်နိုင်ရန်၊
- (ဃ) ဝန်ထမ်းများ၏ အရည်အသွေးဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်စေရန်၊
ပြင်ပသင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များဖြစ်သော မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းမှ ဖွင့်လှစ်သည့် Strategic Management For Branch Manager (Online Class), Business Ethics For Bankers (Online Class), Customer Services (Online Class), Credit Risk Management (Online Class), Internal Audit & Internal Control (Online Class), Compliance Basic Course (Online Class), Important of Foreign Exchange Concept In International Banking System (Online Class), Compliance Certificate Level, Fraud Risk Management (Online Class), Basic Concept of Foreign Exchange (Online Class), Diploma in Banking, General Banking သင်တန်းများ၊ ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဖွင့်လှစ်သည့် Online LLB, Online B.A Law, Diploma in Business Law, Diploma in International Law, Diploma in Intellectual Property Law, Post Graduate Diploma in Computer Application (PGDCA), Diploma in International Relations, Diploma in Applied Psychology သင်တန်းများ၊ စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဖွင့်လှစ်သည့် Master of Banking & Finance, Master of Business Administration, Master of Public Administration သင်တန်းများသို့ ရုံးချိန်ပြင်ပတက်ရောက်ရန် စေလွှတ်ခြင်း၊ Online မှတစ်ဆင့်တက်ရောက်ခွင့်ပြုခြင်း စသည်ဖြင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားပြီး ဘဏ်လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု များပေးနိုင်စေရန် ရည်ရွယ်၍ တက်ရောက်ခွင့်ပြုခဲ့ပါသည်။
ကမ္ဘာ့ရတနာဘဏ်၏ ဝန်ထမ်းများ မိမိတို့၏ အလုပ်တာဝန်ဝတ္တရားများကို စိတ်အေးချမ်းသာစွာ အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများ၏ လုပ်ခလစာနှင့် ခံစားခွင့်များ လုံလောက်မှု ရှိပြီး သက်သာချောင်ချိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ နှစ်စဉ်လုပ်ခလစာနှင့် ခံစားခွင့် နှုန်းထားများကို ပြန်လည်သုံးသပ်ပြီး လိုက်လျောညီထွေဖြစ်စေရန် တိုးမြှင့်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းခွင် တွင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ပညာရပ်ဆိုင်ရာခံစားခွင့်များချီးမြှင့်ခြင်း၊ လုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုအလိုက် ခံစားခွင့်များချီးမြှင့်ခြင်း၊ လုပ်ငန်းအမျိုးအစားနှင့် နယ်မြေဒေသအလိုက် လိုအပ်ချက်အပေါ်အခြေခံ၍ ဒေသဆိုင်ရာရှားပါးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ထောက်ပံ့စရိတ်များ၊ ခရီးစရိတ်များ၊ စားသောက်စရိတ်များ ထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းများဆေးဝါးကုသမှု ကိစ္စများဖြစ်ပွားပါက ကျန်းမာရေးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းများနှင့်ဝန်ထမ်း၏ သားသမီးများ အတွက် ကျောင်းစရိတ်များ ထောက်ပံ့ပေးခြင်း၊ ပညာရေးထူးချွန်ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများကို ပညာရေးထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးပြီး ငွေကြေး ပမာဏနည်းပါးစွာဖြင့် နေထိုင်ခွင့်ပေးခြင်း၊ လစဉ်ဘဏ်ခွဲအလိုက် လူပုဂ္ဂိုလ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည် ပေါ်မူတည်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း များအား ထူးချွန်မှုအလိုက်ဆုများ ချီးမြှင့်ခြင်း၊ အခါအားလျော်စွာ ဆုကြေးငွေ၊ ထောက်ပံ့ငွေ အမျိုးမျိုးအား ချီးမြှင့်ပေးခြင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းချေးငွေများ ထုတ်ချေးခြင်း၊ ဝန်ထမ်းများ၏ သာရေး၊ နာရေး အတွက် လူမှုသက်သာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
