ကမ္ဘာ့ရတနာဘဏ်(အများပိုင်ကုမ္ပဏီလီမိတက်)

၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသောနှစ်အတွက် ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာ

ဒါရိုက်တာအဖွဲ့သည် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၌ ကုန်ဆုံးသောနှစ်အတွက် အစီရင်ခံစာကို စာရင်းစစ်ဆေး ပြီးသော ကမ္ဘာ့ရတနာဘဏ် (အများပိုင်ကုမ္ပဏီလီမိတက်)၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်အတူ တင်ပြအပ်ပါသည် -

(က) အစီရင်ခံစာပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ရှိသော ဘဏ်၏ဘဏ္ဍာရေးအခြေအနေနှင့် ၎င်းနေ့ရက်တွင် ကုန်ဆုံးသောနှစ်အတွက် ဘဏ်၏ ရှယ်ယာနှင့် ငွေသားစီးဆင်းမှုများတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများနှင့် ဘဏ္ဍာရေး လုပ်ဆောင်ချက်တို့ကို မှန်ကန်မျှတစွာ သုံးသပ်ရေးဆွဲထားသည်။

(ခ) စာရင်းစာအုပ်များကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂ဝ၁၇ ၏ ပုဒ်မ ၂၅၈ နှင့်အညီ ထိန်းသိမ်းထားရှိသည်။

(ဂ) ဤအစီရင်ခံစာရေးသည့်နေ့၌ ဘဏ်အနေဖြင့် အကြွေးများကို ပေးချေရန် ရက်စေ့သောအခါ ပေးချေနိုင်စွမ်းရှိသည်ဟု ယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းများရှိသဖြင့် ဒါရိုက်တာဘုတ်အဖွဲ့သည် ဤဘဏ္ဍာရေးအစီရင်ခံစာများကို ထုတ်ပြန်ရန် ခွင့်ပြုလိုက်ပြီး ဖြစ်သည်။

(ဃ) ဤအစီရင်ခံစာတင်ပြပါကာလတွင် ဒါရိုက်တာရာထူးရှိသူများမှာ အစီရင်ခံစာပါ (၁၄) ဦးသာ ဖြစ်၍ ၎င်းတို့အကျိုးစီးပွားပါရှိသော်လည်း ယခင်ဘဏ္ဍာရေးနှစ်ကာလအကုန်မှစတင်၍ မည်သည့် ဒါရိုက်တာတစ်ဦးတစ်ယောက်မှ ဘဏ်နှင့်ပြုလုပ်သော ပဋိညာဉ် သို့မဟုတ် သက်ဆိုင်ရာကော်ပိုရေးရှင်းနှင့် ဒါရိုက်တာတို့ ပြုလုပ်သော ပဋိညာဉ် သို့မဟုတ် ၎င်း၏ အဖွဲ့ဝင်ဖြစ်သော ကုမ္ပဏီနှင့် ပြုလုပ်သော ပဋိညာဉ် သို့မဟုတ် ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်း များနှင့် ဤအစီရင်ခံစာတွင် မြွက်ဟဖော်ပြထားသည်မှအပ ကြီးမားသောဘဏ္ဍာရေး အကျိုးစီးပွားများပါဝင်သော ကုမ္ပဏီနှင့် ချုပ်ဆိုထားသော ပဋိညာဉ်ကြောင့် အကျိုးခံစားခွင့် တစ်ရပ်ကို လက်ခံရရှိခဲ့ခြင်းသော်လည်းကောင်း လက်ခံရရှိပိုင်ခွင့် သော်လည်းကောင်း မရှိပါ။

(င) ဤနှစ်အတွင်း ဘဏ်၏မည်သည့်လုပ်ငန်းများကိုမှ ရပ်နားခြင်းမရှိ လည်ပတ် လျက်ရှိပါသည်။


(စ) ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်အရ လွန်ခဲ့သောဘဏ္ဍာရေးနှစ်တွင် ဘဏ်၏ လုပ်ငန်းများမှ ရလဒ်များအပေါ် ဤအစီရင်ခံစာတွင် မြွက်ဟပြောကြားထားသည့် ခြွင်းချက်ပစ္စည်း အမယ်များနှင့် ထူးခြားသော ပစ္စည်းအမယ်များမှအပ ကြီးမားပြီး အစဉ်အလာမဟုတ်သော သဘောသဘာဝရှိသည့်ဖြစ်ရပ် သို့မဟုတ် လုပ်ဆောင် ချက် သို့မဟုတ် မည်သည့်ပစ္စည်း အမယ်ကမှ အကျိုးသက်ရောက်ခဲ့မှုမရှိပါ။


(ဆ) ဘဏ်အနေဖြင့် အစီရင်ခံစာတွင် ဖော်ပြထားသည့်အမြတ် သို့မဟုတ် အရှုံးမှအပ ဤဘဏ္ဍာရေးနှစ်အတွင်းတွင်တခြားမည်သည့်အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုမျှ ရှိသည်ဟု မသိရှိရပါ။


(ဇ) ဤနှစ်အတွင်းဘဏ်သည် မည်သည့်အမြတ်ဝေစုကိုမှ ခွဲဝေပေးခဲ့ခြင်းမရှိပါ။


(ဈ) ဘဏ္ဍာရေးနှစ်အတွင်း

(၁) ဘဏ်ရှိ ထုတ်မပေးသော ရှယ်ယာများကို မည်သူ့ကိုမှ ရွေးချယ်ခွင့်ကို မပေးခဲ့ပါ။

(၂) ရွေးချယ်ခွင့်ကို ကျင့်သုံးလျက် ဘဏ်၏ထုတ်မပေးသော ရှယ်ယာများကို မည်သူ့ကိုမှ ထုတ်မပေးခဲ့ပါ။

ဘဏ္ဍာရေးနှစ်အကုန်၌ ရွေးချယ်ခွင့်အရ ဘဏ်၏ထုတ်မပေးသော ရှယ်ယာများဟူ၍ မရှိခဲ့ပါ။


(ည)၂ဝ၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ဘဏ္ဍာရေးနှစ်အကုန်တွင်

(၁) ဘဏ်၏ရရန်ပိုင်ခွင့် (ပိုင်ဆိုင်ပစ္စည်းများ)အပေါ် တောင်းခံသော အခကြေးငွေများသည် တခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပေးရန် တာဝန်များကို သက်ရောက်မှုမရှိခဲ့ပါ။

(၂) ဘဏ္ဍာရေးနှစ်အကုန်၌ ဘဏ်အနေဖြင့် နောင်အခါတွင် ပေါ်ပေါက်လာ နိုင်သော ပေးရန်တာဝန်များ မရှိပါ။

(၃) ဒါရိုက်တာများ၏ အထင်အမြင်၌ ပေးရန်တာဝန်များကို ဘဏ်မှ အချိန်စေ့ရောက်ချိန်၌ ပေးနိုင်စွမ်းကို ထိခိုက်စေမည့် သို့မဟုတ် ကြီးမားစွာ အကျိုးသက်ရောက်စေမည့် ဤ

ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး (၁၂) လတာ ကာလအတွင်းတွင် ပေးရန်တာဝန် သို့မဟုတ် နောင်အခါပေါ်ပေါက် လာနိုင်သော ပေးရန်တာဝန်ဟူ၍ မရှိပါ။




အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့၏ကိုယ်စား


                                                     Nature                                         Nature                                        Nature