AML/CFT ဆောင်ရွက်မှုအခြေအနေ
ကမ္ဘာ့ရတနာဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့စသည့် အဖွဲ့အစည်းများနှင့်ဆက်စပ်၍ လုပ်ငန်း တာဝန်များအား အောက်ဖော်ပြပါ ဥပဒေများ၊ Guidelines ၊ Instruction များနှင့်အညီ လိုက်နာ ဆောင်ရွက် လျက်ရှိပါသည် -
AML/CFT Laws
(1) The Control of Money Laundering Law of Myanmar 2002/ Rules 2003
(2) The Anti-Money Laundering Law of Myanmar 2014/ Rules 2015
(3) The Counter Terriorism Law 2014
(4) The Anti-Corruption Law 2013
(5) The Anti-Money Laundering of Myanmar 2026
Financial Laws
(1) The Central Bank of Myanmar Law 1990/ 2013
(2) The Financial Institutions Law of Myanmar 1990/ 2016
(3) Foreign Exchange Management Law 2012
Guidlines and Instructions
(1) Instruction of AML/CFT No. 2/ 2002, No. 1/ 2004, No. 22/ 2004, 7/2006,61/2009, 8/ 2010 by CBM
(2) AML/ CFT Risk Based Management Guidance Note 27-1-2015 by CBM
(3) Effective Implementation of CDD Driective by CBM September 2016
(4) Description of AML/ CFT Programme 22-12-2016 by CBM
(5) Anti -Money Laundering Order No. 45/2019, 14-1-2019 by Office of the President of the Union of Myanmar
(6) Directive No 18/ 2019 for the CDD Measures 15-11-2019 by CBM
(7) Guidline on Risk Management practices of Banks 20-11-2020 by CBM
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွင်း ယာယီတားဆီးထားခြင်း၊ အထောက်အထားများပေးပို့ခြင်း များကို အောက်ပါဌာနများအလိုက် ပေးပို့ဆောင်ရွက်ခဲ့ပါသည် -
| စဉ် | ဌာနဆိုင်ရာအမည်များ | ယာယီတားဆီး/အအထောက်အထား ပေးပို့စာရင်းအရေအတွက် |
| (၁) | ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ | ၃၂ |
| (၂) | ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုဖွဲ့ | - |
| (၃) | မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ | ၃၇ |
| (၄) | ပြည်ထဲရေးဝန်ကြီးဌာန | ၁၁ |
| (၅) | စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန | - |
| (၆) | အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် | - |
| (၇) | မြန်မာနိုင်ငံတော်ဗဟိုဘဏ် | ၃ |
| (၈) | Online မှတစ်ဆင့် တရားမဝင်ငွေကြေးလိမ်လည်မှု စုံစမ်းဖော်ထုတ်ရေးဌာန | ၆ |
| (၉) | ဘဏ္ဍာရေးနှင့် အခွန်ဦးစီးဌာန | ၁ |
| စုစုပေါင်း | ၉၀ | |
အထက်ပါ ယာယီတားဆီးထားခြင်းနှင့် အထောက်အထားများ ပေးပို့ခြင်းများအပြင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU) သို့ သတ်မှတ်ငွေပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်းမှု သတင်းပို့ချက် အကြိမ်ရေ (၁၃,၂၉၆) ပေးပို့ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) ၏ ကော်မရှင်အဖွဲ့ဝင်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (AML/CFT) ၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းသိန်း ဦးစီးပြီး မြန်မာနိုင်ငံငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဒုတိယခေါင်းဆောင် ရဲမှူးကြီးမြင့်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒေါ်ဇာဇာမိုး (ညွှန်ကြားရေးမှူး)တို့ ပို့ချသော ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အား ကမ္ဘာ့ရတနာဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးဆောင်၍ စီမံခန့်ခွဲရေးဆိုင်ရာအရာရှိကြီးများ၊ ဘဏ်အရာထမ်း၊ အမှုထမ်းအင်အား (၁,ဝဝဝ) ကျော် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
Compliance Department အနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော သင်တန်းများ ပြုလုပ်ပေးခြင်း အပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ AML/CFT Guideline လမ်းညွှန်ချက်များအရ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဘဏ်များမှ သတ်မှတ်ပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှု သတင်းပေးပို့ချက်များ (CTR) ၊ သံသယဖြစ်ဖွယ်သတင်းပေးပို့ချက်များ (STR) ပိုမိုရှာဖွေ ဖော်ထုတ်သတင်းပေးပို့နိုင်စေရေး၊ ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေအန္တရာယ် ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် Chief Risk Officer နှင့် Chief Compliance Officer ၊ Compliance Officer အပါအဝင် အရာထမ်း၊ ဝန်ထမ်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းမှ ကြီးမှူးပြုလုပ်သော ဆွေးနွေးပွဲများ၊ Workshop များ၊ Seminar များနှင့် အောက်ပါသင်တန်းများကို တက်ရောက်စေခဲ့ပါသည် -
(က)
Compliance Basic Course
(ခ)
Compliance Certificate Level (2)
(ဂ)
Fraud Risk Management
မြန်မာနိုင်ငံဘဏ်များအသင်းမှ ပြုလုပ်သောသင်တန်းများအား သင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားများမှ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွင်း ရုံးချုပ်၊ လူ့စွမ်းအားအရင်းအမြစ်ဌာန အစီအစဉ်ဖြင့် ပြုလုပ်သော အောက်ပါသင်တန်းများနှင့် ဆွေးနွေးပွဲများအား ဘဏ်အရာထမ်း၊ အမှုထမ်းများသို့ ပြန်လည်မျှဝေ သင်တန်းပို့ချခဲ့ပါသည် -
(က)
အကြီးတန်းမန်နေဂျာစီမံခန့်ခွဲမှုသင်တန်း
(ခ)
ရာထူးတိုးမြှင့်ရေးသင်တန်းများ
(ဂ)
AML/CFT ဆိုင်ရာ ဗဟုသုတသင်တန်း (Zoom Meeting)
(ဃ)
Risk Assessment Awareness သင်တန်း (Zoom Meeting)
(င)
နိုင်ငံသားဆိုင်ရာမြို့နယ်သင်္ကေတ အချက်အလက်ပြင်ဆင်မှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ (Zoom Meeting)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များအရ နိုင်ငံသားဆိုင်ရာမြို့နယ်သင်္ကေတ အချက်အလက်များ ပြောင်းလဲပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံသားဆိုင်ရာမြို့နယ်သင်္ကေတ အချက်အလက် ပြင်ဆင်မှုဆိုင်ရာသင်တန်းဆွေးနွေးပွဲအား ၂ဝ မေ ၂ဝ၂၆ တွင် ကမ္ဘာ့ရတနာဘဏ် ဘဏ်ခွဲများအားလုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။


