AML/CFT ဆောင်ရွက်မှုအခြေအနေ


        ကမ္ဘာ့ရတနာဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့စသည့် အဖွဲ့အစည်းများနှင့်ဆက်စပ်၍ လုပ်ငန်းတာဝန်များအား အောက်ဖော်ပြပါ ဥပဒေများ၊ Guidelines ၊ Instruction များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည် -

       AML/CFT Laws

(1)         The Control of Money Laundering Law of Myanmar 2002/ Rules 2003

(2)           The Anti-Money Laundering of Myanmar 2014/ Rules 2015

(3)          The Counter Terriorism Law 2014

(4)         The Anti-Corruption Law 2013

       Financial Laws

(1)         The Central bank of Myanmar Law 1990/ 2013

(2)           The Financial Institution Law of Myanmar 1990/ 2016

(3)          Foreign Exchange Management Law 2012

       Guidlines and Instructions

(1)         Instruction of AML/CFT No. 2/ 2002, No. 1/ 2004, No. 22/ 2004, 7/2006,61/2009, 8/ 2010 by CBM

(2)           AML/ CFT Risk Based Management Guidance Note 27-1-2015 by CBM

(3)          Effective Implementation of CDD Driective by CBM September 2016

(4)         Description of AML/ CFT Programme 22-12-2016 by CBM

(5)         Anti -Money Laundering Order No. 45/2019, 14-1-2019 by Office of the President of the Union of Myanmar

(6)         Directive No 18/ 2019 for the CDD Measures 15-11-2019 by CBM

(7)         Guidline on Risk Management practices of Banks 20-11-2020 by CBM

        ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ယာယီတားဆီးထားခြင်း၊ အထောက်အထားများပေးပို့ခြင်း များကို အောက်ပါဌာနများအလိုက် ပေးပို့ဆောင်ရွက်ခဲ့ပါသည် -

စဉ်              ဌာနဆိုင်ရာအမည်များ                         ယာယီတားဆီး/အထောက်အထားပေးပို့စာရင်းအရေအတွက်
(၁)             ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ၃၇
(၂)            ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၆၄
(၃)             မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
                 ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့
၂၉
(၄)             ပြည်ထဲရေးဝန်ကြီးဌာန
(၅)            စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(၆)             အဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
(၇)             ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(၈)             မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့စုမှူးရုံး
             စုစုပေါင်း ၁၄၃

        အထက်ပါ ယာယီတားဆီးထားခြင်းနှင့် အထောက်အထားများ ပေးပို့ခြင်းများအပြင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit - FIU) သို့ သတ်မှတ်ငွေ ပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်းမှု သတင်းပို့ချက် အကြိမ်ရေ (၃,၉၈၅) ပေးပို့ခဲ့ပါသည်။

        Compliance Department အနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော သင်တန်းများ ပြုလုပ်ပေးခြင်း အပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ AML/CFT Guideline လမ်းညွှန်ချက်များအရ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဘဏ်များမှ သတ်မှတ်ပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှု သတင်းပေးပို့ချက်များ (CTR)၊ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်များ (STR) ပိုမိုရှာဖွေ ဖော်ထုတ်သတင်းပေးပို့နိုင်စေရေး၊ ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေအန္တရာယ် ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် Chief Risk & Compliance Officer နှင့် Compliance Officer အပါအဝင် အရာထမ်း၊ ဝန်ထမ်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဘဏ်များအသင်းမှ ကြီးမှူးပြုလုပ်သော ဆွေးနွေးပွဲများ၊ Workshop/ Seminar သင်တန်းများ တက်ရောက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် အတွင်း ရုံးချုပ်လူ့စွမ်းအားအရင်းအမြစ်ဌာန အစီအစဉ်ဖြင့်ပြုလုပ်သော ဘဏ်ခွဲစီမံခန့်ခွဲမှုသင်တန်း၊ ရာထူးတိုးမြှင့်ရေးသင်တန်းများတွင် ဘဏ်အရာထမ်း၊ ဝန်ထမ်းများအား AML /CFT Knowledge များချပြခြင်း၊ Chief Risk & Compliance Officer နှင့် Compliance Officer တို့မှ နယ်မြေဘဏ်ခွဲများ အလိုက် ဘဏ်ခွဲတာဝန်ခံ၊ ဒုတိယဘဏ်ခွဲတာဝန်ခံများအပါအဝင် အရာထမ်း၊ ဝန်ထမ်းများအား Risk Assessment Awareness သင်တန်းများအား ပို့ချပေးခဲ့ပါသည်။