ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)
(Incorporated in the Republic of the Union of Myanmar)


အခြားသတင်းအချက်အလက်များ

အခြားသတင်းအချက်အလက် ဖော်ပြထားခြင်းများသည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ အဆိုပါ အခြား သတင်းအချက်အလက်များတွင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအပါအဝင်ဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ် အစီရင်ခံစာများ မပါဝင်ပါ။ ကျွန်တော်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် စပ်လျဉ်းသော ထင်မြင်ယူဆချက်သည် အခြားသတင်း အချက်အလက်များနှင့် မသက်ဆိုင်ပါ။ ယင်းပေါ်တွင် အခြေခံသည့် မည်သည့်အာမခံချက်ဆိုင်ရာ ကောက်နုတ်ချက်များကိုမျှ ဖော်ပြမည်မဟုတ်ပါ။


ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံခန့်ခွဲမှုနှင့် ဒါရိုက်တာများ၏တာဝန်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ စစ်မှန်ပြီး တရားမျှတသော ဘဏ္ဍာရေးရှင်းတမ်းများပြင်ဆင်ရေးဆွဲရန်၊ ပိုင်ဆိုင်မှုများအား ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ရောင်းချခြင်းမှ ကာကွယ်ပေးကြောင်း ကျိုးကြောင်းဆီလျော်စွာ အာမခံချက်ပေးရန် လုံလောက်သည့် ဌာနတွင်းထိန်းချုပ်မှုစနစ်များ ပြုစုရန်နှင့် ထိန်းသိမ်းရန်၊ စာရင်း လုပ်ဆောင်ချက်များကို စနစ်တကျ ခွင့်ပြုထားရန်၊ သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားသည့် ဘဏ္ဍာရေး ရှင်းတမ်းများကို ရေးဆွဲနိုင်ရန်နှင့် ပိုင်ဆိုင်မှုများအပေါ် တာဝန်ခံမှုကို ထိန်းသိမ်းထားနိုင်ရန် စာရင်း လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားရှိရန်မှာ စီမံခန့်ခွဲသူများ၏ တာဝန်ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများသည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန်မှတစ်ပါး လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်း စသည့် အခြေအနေများမှလွဲ၍ ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲပြုစုရာတွင် ဘဏ်၏ရှေ့ဆက်လုပ်ကိုင်နိုင်မည့် စွမ်းရည်၊ အဆိုပါအခြေအနေနှင့် သက်ဆိုင်သည်များကို ဖော်ပြရန်၊ ရှေ့ဆက်လုပ်ကိုင်မည့် အခြေအနေ ပေါ်မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ ဒါရိုက်တာ၏ တာဝန်များ တွင် ဘဏ်၏ ဘဏ္ဍာရေးအစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန် ပါဝင်ပါသည်။