(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့ တင်သွင်းသည့် ရှေ့လုပ်ငန်းစဉ်များ
(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့ တင်သွင်းသည့် ရှေ့လုပ်ငန်းစဉ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
| (၁) | ကမ္ဘာ့ရတနာဘဏ် ရေရှည်ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် ဒါရိုက်တာအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော စီမံခန့်ခွဲမှုကော်မတီများက စနစ်တကျ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်၊ |
| (၂) | စီမံခန့်ခွဲမှုကော်မတီများက ချမှတ်ထားသော မူဝါဒများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ |
| (၃) | အပ်ငွေ၊ ချေးငွေဝန်ဆောင်မှု ပမာဏတိုးတက်ရေး ဘဏ်ခွဲအလိုက် တာဝန်ပေးဆောင်ရွက် ရန်၊ |
| (၄) | အရည်အသွေး ပြည့်ဝခိုင်မာသော ချေးငွေများထုတ်ချေးနိုင်ရန် သတ်မှတ်ထားသော မူဝါဒ ညွှန်ကြားချက်များနှင့်အညီ စီမံခန့်ခွဲခြင်း၊ ဆုံးရှုံးနိုင်ခြေများ အကဲဖြတ်သုံးသပ်ခြင်းများဖြင့် စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် NPL လျော့နည်းကျဆင်းရေးကို အချိန်ကာလ သတ်မှတ်၍ သတ်မှတ်ကာလအတွင်း ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ |
| (၅) | နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အထောက်အကူဖြစ်စေရေး ရည်မှန်းချက်ဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းဌာနမှ ကြိုးပမ်း ဆောင်ရွက်သွားရန်၊ |
| (၆) | ဘဏ်လုပ်ငန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် Core Banking System ဖြစ်စေရေး အလေးထားဆောင်ရွက်ပြီး Cyber Security ကို တိုးမြှင့်ဆောင်ရွက်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်သွားရန်၊ |
| (၇) | Card စနစ်များသာမက Mobile Banking, eBanking & Online GTB Pay အပါအဝင် Pay System ကဲ့သို့ ဝန်ဆောင်မှုများကို လုံခြုံမှုရှိရှိနှင့် အဆင့်အတန်းမီမီ ဆောင်ရွက်နိုင်ရေး လိုအပ်သော လုပ်ငန်းစဉ်များအလိုက် ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်မှု စဉ်ဆက်မပြတ် ဆောင်ရွက်၍ ဘဏ်ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်သွားရန်၊ |
| (၈) | AML/CFT နှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ သင်ကြားလေ့ကျင့်ခြင်းနှင့် လိုက်နာဆောင်ရွက်စေခြင်းဖြင့် တိကျစွာ လိုက်နာဆောင်ရွက်သွားရန်၊ |
| (၉) | ကမ္ဘာ့ရတနာဘဏ် (ယခင်) မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၏ မူလ ရည်ရွယ်ချက်များဖြစ်သော သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေသော လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်သွားရန်၊ |
| (၁၀) | ဘဏ်၏ အကျိုးအမြတ်ရရှိရေးအတွက် ချေးငွေအခြေမခံသောဝင်ငွေ Non-Interest Income ရရှိအောင် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော အာမခံလုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ |
| (၁၁) | ဝန်ထမ်းများအရည်အသွေးပြည့်ဝရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လေ့ကျင့်သင်ကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သကဲ့သို့ လုပ်ငန်းခွင်ပျော်ရွှင်စေရေးအတွက် ခေတ်နှင့်လိုက်လျောညီထွေရှိသော ဝန်ထမ်းသက်သာ ချောင်ချိရေးများ ဆောင်ရွက်ပေးရန်၊ |
| (၁၂) | ရည်မှန်းချက် (၄) ရပ်ဖြင့် ဖွဲ့စည်းထားသော “ရတနာနှလုံးသား လူမှုရေးအကျိုးပြုအဖွဲ့” ၏ ထောက်ပံ့မှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် CSR လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်၊ |
နိဂုံး
ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)သည် နောင်လာလတ္တံ့သော နှစ်များတွင်လည်း ဘဏ်နှင့်ဆက်သွယ်သူ Customer များ၊ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက် အဘက်ဘက်မှ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြလျက် ဤအစီရင်ခံစာကို နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကြီးမှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
(ဒါရိုက်တာအဖွဲ့)
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်


