ဘဏ်၏မတည်ငွေရင်း

ဘဏ်၏ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်သန်းပေါင်း(၇၀၀၀၀)ဖြစ်ပြီး အစုရှယ်ယာ တစ်စုလျှင် ကျပ်(၅)သိန်းဖြင့် အစုရှယ်ယာပေါင်း (၁၄၀၀၀၀) သတ်မှတ်ထားပါသည်။ ပုဂ္ဂိုလ်တစ်ဦး (သို့) အသင်းအဖွဲ့ တစ်ရပ်သည် အနည်းဆုံးအစုရှယ်ယာကို ခွင့်ပြုမတည်ငွေရင်း၏ ၅% အထိဝယ်ယူနိုင်ပြီး အနည်းဆုံးအစုရှယ်ယာစောင်ရေ (၆၀၀)၊ တန်ဖိုး ကျပ်သန်း (၃၀၀) နှင့်အထက် ဝယ်ယူပိုင်ဆိုင်ထားသူသည် ဘဏ်ဒါရိုက်တာအဖြစ် ရွေးချယ်ခံနိုင်ခွင့် ရှိပါသည်။

(၂၀၁၇) ခုနှစ် ၊ မတ်လ(၃၁)ရက်နေ့အထိ အပြည့်အ၀ထည့်ဝင်ပြီး အစုရှယ်ယာ အရေအတွက်မှာ (၁၀၄၃၅၄) ဖြစ်ပြီး အစုရှယ်ယာတန်ဘိုးမှာ ကျပ်သန်းပေါင်း (၅၂၁၇၇) ဖြစ်ပါသည်။


ဘဏ်ဝန်ထမ်းဖွဲ့ စည်းပုံ

ဘဏ်၏ ၀န်ထမ်းအင်အားမှာ ၁၉၉၇ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ တွင် အရာထမ်း (၁၅) ဦးနှင့် အခြားဝန်ထမ်း (၈၉) ဦး ၊ စုစုပေါင်း (၁၀၄) ဦးသာ ရှိခဲ့သော်လည်း ယခုအခါ ဘဏ်လုပ်ငန်းများ ကျယ်ပြန့် လာခြင်းကြောင့် ရုံးချုပ်အပါအ၀င် ဘဏ်ခွဲကြီး (၁၁၄) ခုနှင့် ဘဏ်ခွဲငယ်(၉)ခု စုစုပေါင်း ဘဏ်ခွဲ (၁၂၃) ခုအထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး ၊ ၀န်ထမ်းအင်အားကိုလည်း လုပ်ငန်းပမာဏ နှင့်လျော်ညီစွာ တိုးမြှင့်ခဲ့ရာ ၂၀၁၆ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ရှိ ၀န်ထမ်းအင်အားကို အရာထမ်း (၂၈၁)ဦး ၊ အမှုထမ်း (၂၂၀၃) ဦး စုစုပေါင်း (၂၄၈၄)ဦးရှိပြီ ဖြစ်ပါသည်။


ဘဏ်၏မတည်ငွေရင်းအခြေပြဇယား


စဉ် ဘဏ္ဍာနှစ် အခုအရေအတွက် တန်ဖိုး
(ကျပ်သန်း)
၁၉၉၅-၉၆ ၁၀၅၈.၀၀ ၅၂၉.၀၀
၁၉၉၆-၉၇ ၁၂၆၂.၀၀ ၆၃၁.၀၀
၁၉၉၇-၉၈ ၁၃၆၂.၀၀ ၆၈၁.၀၀
၁၉၉၈-၉၉ ၁၃၆၂.၀၀ ၆၈၁.၀၀
၁၉၉၉-၀၀ ၁၄၀၂.၀၀ ၇၀၁.၀၀
၂၀၀၀-၀၁ ၁၄၅၀.၀၀ ၇၂၅.၀၀
၂၀၀၁-၀၂ ၁၅၁၄.၀၀ ၇၅၇.၀၀
၂၀၀၂-၀၃ ၁၆၂၀.၀၀ ၈၁၀.၀၀
၂၀၀၃-၀၄ ၂၇၁၂.၀၀ ၁၃၅၆.၀၀
၁၀ ၂၀၀၄-၀၅ ၄၀၀၀.၀၀ ၂၀၀၀.၀၀
၁၁ ၂၀၀၅-၀၆ ၄၇၉၀.၀၀ ၂၃၉၅.၀၀
၁၂ ၂၀၀၆-၀၇ ၈၈၃၆.၀၀ ၄၄၁၈.၀၀
၁၃ ၂၀၀၇-၀၈ ၁၁၆၀၆.၀၀ ၅၈၀၃.၀၀
၁၄ ၂၀၀၈-၀၉ ၁၇၁၈၆.၀၀ ၈၅၉၃.၀၀
၁၅ ၂၀၀၉-၁၀ ၂၄၁၇၆.၀၀ ၁၂၀၈၈.၀၀
၁၆ ၂၀၁၀-၁၁ ၃၅၁၈၈.၀၀ ၁၇၅၉၄.၀၀
၁၇ ၂၀၁၁-၁၂ ၅၂၁၅၉.၀၀ ၂၆၀၇၉.၅၀
၁၈ ၂၀၁၂-၁၃ ၇၀၀၀၀.၀၀ ၃၅၀၀၀.၀၀
၁၉ ၂၀၁၃-၁၄ ၉၀၀၀၈.၀၀ ၄၅၀၀၄.၀၀
၂၀ ၂၀၁၄-၁၅ ၁၀၈၃၀၆.၀၀ ၅၄၁၅၃.၀၀
၂၁ ၂၀၁၅-၁၆ ၁၀၄၃၅၄.၀၀ ၅၂၁၇၇.၀၀
၂၂ ၂၀၁၆-၁၇ ၁၀၄၃၅၄.၀၀ ၅၂၁၇၇.၀၀

ဘဏ်၏အတိုးနှုန်းများ

ဘဏ်၏အတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီအောက်ဖော်ပြပါအတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်ထားပါသည်။


(က) ငွေစုဘဏ်အတိုးနှုန်း (Super Savings Deposit)
ကျပ် (၁၀၀၀) မှ ကျပ်သိန်း (၃၀၀) ထိ တစ်နှစ်လျှင်
ကျပ်သိန်း (၃၀၀) အထက်မှ ကျပ်သိန်း (၁၀၀၀) ထိ တစ်နှစ်လျှင်
ကျပ်သိန်း (၁၀၀၀) အထက် တစ်နှစ်လျှင်

၈.၅၀%
၈.၆၀%
၈.၇၅%
(ခ) အချိန်ပိုင်းအပ်ငွေ အတိုးနှုန်း (Fixed Deposit)
(၃လ)
(၆လ)
(၉လ)
(၁၂လ)

၉.၂၅%
၉.၅၀%
၉.၇၅%
၁၀.၀၀%
(ဂ) ခေါ်ယူအပ်ငွေအတိုးနှုန်း (Call Deposit)
ကျပ် (၁၀,၀၀၀)မှ ကျပ်သိန်း(၁၀၀)အထိ
ကျပ်သိန်း(၁၀၀)အထက်
(တစ်နှစ်ပေါ်အခြေခံ၍ နေ့စဉ်အတိုးတွက်ချက်ပေးပါသည်။)
၎%
၆%
(ဃ) ချေးငွေ အတိုးနှုန်း
(၁) Loan ချေးငွေ
(၂) စာရင်းပိုထုတ်ချေးငွေ O/D (နှစ်ချင်းဆပ်)
(၃) စက်မှုဇုံဝင်ချေးငွေနှင့် စီမံကိန်းဝင်ချေးငွေ

၁၂%
၁၂%
၁၂%