ဘဏ်တွင်းစာရင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းများစစ်ဆေးခြင်း

ဘဏ်တွင်းစာရင်းစစ် (Internal Audit) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ စာရင်းစစ်ကော်မတီ၏ကြီးကြပ်မှုဖြင့် ဘဏ်ရုံးချုပ်၏ စီမံရေးရာလုပ်ငန်းများ၊ နိုင်ငံခြားဘဏ်လုပ်ငန်းများနှင့် Vault ငွေသားလက်ကျန် (မြန်မာငွေနှင့်နိုင်ငံခြားငွေ) စစ်ဆေးခြင်းတို့ကို တစ်လလျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးလျက်ရှိပြီး ရုံးချုပ်(ဌာနခွဲ)များနှင့် သတ်မှတ်နယ်မြေများရှိ ဘဏ်ခွဲများ၏ ဘဏ္ဍာတိုက်ခန်းရှိ၊ ငွေသားလက်ကျန်များကို ရှောင်တခင် စစ်ဆေးခြင်းအပြင် ရုံးချုပ်နှင့် ဘဏ်ခွဲများ၏ စာရင်းဌာနလုပ်ငန်းများ၊ ငွေလွှဲလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ၊ Channel Banking လုပ်ငန်းများ၊ Foreign Banking လုပ်ငန်းများကို စဉ်ဆက်မပြတ် (Continuous Audit) အား တစ်နှစ်လျှင် (၁)ကြိမ် ပုံမှန်စစ်ဆေးလျက်ရှိပါသည်။ ထို့အပြင် ဘဏ်တွင်းစာရင်းများဖြစ်သော Pre-Audit ကြိုတင်စစ်ဆေးခြင်းနှင့် Post-Audit ထုတ်ယူပြီး စရိတ်များကိုလည်း စစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။