ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)
(Incorporated in the Republic of the Union of Myanmar)
ဥပဒေ၊စည်းမျဉ်းလိုအပ်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံခြင်း


မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇) ပုဒ်မ ၂၈၀ အရလည်းကောင်း၊(မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ (၁၉၁၄)ပုဒ်မ ၁၄၅ အရလည်းကောင်း)၊ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၉(က)နှင့် ၉၀(က)အရလည်းကောင်း ကျွန်ုပ်တို့၏ အစီရင်ခံသည့်အချက်မှာ-

(က)          ကျွန်ုပ်တို့ စာရင်းစစ်အဖွဲ့၏ စာရင်းစစ်ဆေးရန် ရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့လိုအပ်မည်ဟု ထင်မြင်သော သတင်းအချက်အလက်နှင့် ရှင်းလင်းချက်များအားလုံးကို ပြည့်စုံစွာ ရရှိ
         ခဲ့ပါသည်။
(ခ)          ကျွန်ုပ်တို့စစ်ဆေးခဲ့သော စာအုပ်စာတမ်းများအရ ဘဏ်သည် ကုမ္ပဏီများဥပဒေအရ ထားရှိရန် လိုအပ်သော စာရင်းစာအုပ်များကို ပြည့်စုံစွာထိန်းသိမ်းထားရှိသည်ဟု ထင်မြင်
         ယူဆပါသည်။
(ဂ)          ဤအစီရင်ခံစာပါ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း အရှုံး(သို့)အမြတ် နှင့် အခြားအလုံးစုံသော ဝင်ငွေရှင်းတမ်း၊ငွေသားစီးဆင်းမှု ရှင်းတမ်းတို့တွင်ပါရှိသောအသေးစိတ်အချက်

         အလက်များသည် စာရင်းစာအုပ်များနှင့် ကိုက်ညီမှုရှိပါသည်။

ထို့အပြင် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်များမှာ စာရင်းစစ်အထူးပြူထင်မြင်ယူဆချက်၏ အခြေခံအချက်စာပိုဒ်များတွင် ဖော်ပြထားသော ဘဏ္ဍာရေးရှင်းတမ်းအပေါ် အကျိုးသက်ရောက်မှုများမှအပ၊ ဘဏ်၏ စာရင်းစာအုပ်များတွင် ဖော်ပြချက်များအရနှင့် ပေးအပ်ခဲ့သော ရှင်းလင်းချက်များနှင့် ကျွန်ုပ်တို့ရရှိခဲ့သော အကောင်းဆုံးသော သတင်းအချက်အလက်များအရ ဘဏ်၏ ၂၀၂၂ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့ ရှိ စာရင်းမှတ်စုနှင့်တကွ ဖော်ပြသော ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း(လက်ကျန်ရှင်းတမ်း)သည် သင့်လျော်မှန်ကန်စွာ ဖော်ပြထားသည်ဟု ထင်မြင်မိပါသည်။


               one