၂၀၂၁-၂၀၂၂ AGM ဘဏ္ဍာနှစ်အတွင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာအချက်အလက်များ၊ငွေသားလွှဲပြောင်းပေးပို့မှုမှတ်တမ်း (CTR) သံသယဖြစ်ဖွယ် စာရင်းလွှဲပြောင်းပေးမှု
(STR) များအား ဥပဒေအရ ဆောင်ရွက်မှုအခြေအနေ


        ကမ္ဘာ့ရတနာဘဏ်လီမိတက် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးအား Chief Risk & Compliance Officer အဖြစ် ခန့်အပ်တာဝန်ပေးအပ်ထားပြီး Compliance Department ဖွဲ့စည်းထားကာ Compliance Officer ဦးစီးအင်အား (၁+၄) ဖြင့် လုပ်ငန်းတာဝန်များအား Chief Risk & Compliance Officer ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

        ကမ္ဘာ့ရတနာဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဌာနဆိုင်ရာများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စသည့် အဖွဲ့အစည်းများနှင့်ဆက်စပ်၍ လုပ်ငန်းတာဝန်များကို အောက်ပါဥပဒေများ၊ Guidelines နှင့် Instruction များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။

       AML/CFT Laws

(1)         The Control of Money Laundering Law of Myanmar 2002/ Rules 2003

(2)           The Anti-Money Laundering of Myanmar 2014/ Rules 2015

(3)          The Counter Terriorism Law 2014

(4)         The Anti-Corruption Law 2013

       Financial Laws

(1)         The Central bank of Myanmar Law 1990/ 2013

(2)           The Financial Institution Law of Myanmar 1990/ 2016

(3)          Foreign Exchange Management Law 2012

       Guidlines and Instructions

(1)         Instruction of AML/CFT No. 2/ 2002, No. 1/ 2004, No. 22/ 2004, 7/2006,61/2009, 8/ 2010 by CBM

(2)           AML/ CFT Risk Based Management Guidance Note 27-1-2015 by CBM

(3)          Effective Implementation of CDD Driective by CBM September 2016

(4)         Description of AML/ CFT Programme 22-12-2016 by CBM

(5)         Anti -Money Laundering Order No. 45/2019, 14-1-2019 by Office of the President of the Union of Myanmar

(6)         Directive No 18/ 2019 for the CDD Measures 15-11-2019 by CBM

(7)         Guidline on Risk Management practices of Banks 20-11-2020 by CBM

        အထက်ပါ Laws, Guidelines နှင့် Instructions များဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှထုတ်ပြန်သော ဥပဒေများ၊ အမိန့်ကြော်ငြာစာများအားလည်း လိုက်နာဆောင်ရွက်လျက်ရှိပြီး အဆိုပါဥပဒေ၊ အမိန့်ကြော်ငြာစာများတွင် ပါဝင်သော တရားမဝင် သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ၊ နည်းဥပဒေများအရ သတင်းပို့ရန်တာဝန်များ အပါအဝင် သတ်မှတ်ထားသော ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဗဟို ထိန်းချုပ်ရေးအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဌာနဆိုင်ရာများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်များသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှတစ်ဆင့် ဘဏ်ငွေစာရင်းအထောက်အထားများပေးပို့ခြင်း၊ ဘဏ်စာရင်းများအား ယာယီတားဆီးထားခြင်းနှင့် အထောက်အထား များပေးပို့ခြင်း၊ ဘဏ်ငွေစာရင်းများယာယီတားဆီးထားခြင်းမှ ပြန်လည်ဖွင့်လှစ်ပေး၍ ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခြင်းနှင့် ၎င်းတို့၏ငွေသွင်း/ငွေထုတ်/ငွေလွှဲနှင့် ငွေကြေးဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက် ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂ဝ၂၂-၂ဝ၂၃) ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါအတိုင်း - ဌာနဆိုင်ရာများအလိုက် ယာယီ တားဆီးထားခြင်း၊ အထောက်အထားများပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပါသည် -

စဉ်              ဌာနဆိုင်ရာအမည်များ                         ယာယီတားဆီး/အထောက်အထားပေးပို့စာရင်းအရေအတွက်
(က)             ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့
(ခ)            ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၂၁၆
(ဂ)             မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
                 ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့
(ဃ)             ပြည်ထဲရေးဝန်ကြီးဌာန
(င)            စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(စ)             အဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၁၀
(စ)             စုစုပေါင်း ၂၃၈

        အထက်ပါယာယီတားဆီးထားခြင်းနှင့် အထောက်အထားများပေးပို့ခြင်းများအပြင် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့ (Financial Intelligent Unit.FIU) သို့ မြန်မာကျပ်ငွေ သန်း ၁ဝဝ နှင့်အထက်၊ နိုင်ငံခြားငွေကြေး USD ၁ဝဝဝဝ နှင့်အထက် လွှဲပြောင်းမှုသတင်းပို့ချက် (CTR)နှင့် သံသယဖြစ်ဖွယ် လွှဲပြောင်းမှုသတင်းပို့ချက်(STR)များအား ဘဏ်ခွဲများမှ (၂ဝ၂၂-၂ဝ၂၃) ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါအကြိမ်/ငွေပမာဏများကို သတင်းပေးပို့ခဲ့ပါသည် -

        Compliance Department အနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော သင်တန်းများပြုလုပ်ပေးခြင်းအပိုင်း တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ AML/CFT Guideline လမ်းညွှန်ချက်များအရ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်နှင့် ဘဏ်များမှ သတ်မှတ်ပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုသတင်းပေးပို့ချက်များ (CTR)၊ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်များ (STR) ပိုမိုရှာဖွေဖော်ထုတ် သတင်းပေးပို့နိုင်စေရေးနှင့် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေအန္တရာယ် ရှာဖွေဖော်ထုတ် နိုင်ရေးအတွက် Chief Risk & Compliance Officer နှင့် Compliance Officer အပါအဝင် အရာထမ်း၊ ဝန်ထမ်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းမှ ကြီးမှူးပြုလုပ်သော ဆွေးနွေးပွဲများ၊ Workshop၊ Seminar၊ သင်တန်းများတက်ရောက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး (၂ဝ၂၂-၂ဝ၂၃) ဘဏ္ဍာရေးနှစ်အတွင်း ရုံးချုပ် လူ့စွမ်းအားအရင်းအမြစ် ဌာနအစီအစဉ်ဖြင့် ပြုလုပ်သော ဘဏ်ခွဲစီမံခန့်ခွဲမှုသင်တန်း၊ ရာထူးတိုးမြှင့်ရေးသင်တန်းများတွင် ဘဏ်အရာထမ်း/ ဝန်ထမ်းများ အား AML/CFT knowledge များချပြခြင်း၊ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး-၁ Chief Risk & Compliance Officer နှင့် Compliance Officer တို့မှ နယ်မြေဘဏ်ခွဲများအလိုက် ဘဏ်ခွဲတာဝန်ခံ၊ ဒုတိယတာဝန်ခံများအပါအဝင် အရာထမ်း၊ ဝန်ထမ်းများအား Zoom Meeting ဖြင့် AML/CFT Awareness သင်တန်းအား ၂ဝ၂၃ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့မှ ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ဘဏ်ရုံးပိတ်ရက်များမပါ နေ့စဉ် နံနက်ပိုင်း/ညနေပိုင်း သင်တန်းချိန်၂နာရီဖြင့် ဘဏ်လုပ်ငန်းမပျက်စေဘဲ သင်တန်းသားအရာထမ်း၊ ဝန်ထမ်းအင်အား (၅၂ဝ) အားလည်းကောင်း၊ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့အထိ ဘဏ်ရုံးပိတ်ရက်များမပါ နေ့စဉ်သင်တန်းချိန် ၂ နာရီဖြင့် ဘဏ်လုပ်ငန်းမပျက်စေဘဲ သင်တန်းသားအရာထမ်း ဝန်ထမ်းအင်အား (၆၇ဝ) အားလည်းကောင်း၊ Zoom Meeting ဖြင့်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဘဏ်ဝန်ထမ်းတိုင်း AML/CFT Awareness ကို သိရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။