Swift Code ကိုအသုံးပြုကာ အချိန်မီငွေပို့ငွေလွှဲလုပ်ဆောင်မှာ 📣📣📣📣

Customer များအတွက် ဘဏ်ဝန်ဆောင်မှုများရယူရာမှာအခက်အခဲမရှိလွယ်လင့်တကူလုပ်ဆောင်နိုင်ရန် အတွက် ပြောပြမျှဝေမှာကတော့ နိုင်ငံရပ်ခြားမှ Customer များ မြန်မာနိုင်ငံအတွင်းရှိ မိမိတို့၏ မိသားစုဝင်များ၊ မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ Swift code ဖြင့် ငွေလွှဲရာတွင် အဆင်ပြေစွာ လွှဲနိုင်စေရန်အတွက် ငွေလွှဲရမည့် လုပ်ငန်းစဉ်များကို ဖော်ပြပေးအပ်ပါသည်။ နိုင်ငံခြားတွင်ရှိသည့် Customer သည် နိုင်ငံခြားဘဏ်မှ GTB ဘဏ်သို့ Swift code ဖြင့် ငွေလွှဲခြင်းပြုလုပ်မည်ဆိုပါက GTB နှင့်ချိတ်ဆက်ထားသည့် Correspondent Bank ၏ Swift code နှင့် GTB ဘဏ်၏ Swift code (၂)မျိုးလုံး သိရှိမှသာ ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် ငွေလွှဲခြင်း၊ ငွေပို့ခြင်းများကို လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ Swift code ဖြင့် ငွေလွှဲမည်ဆိုပါက ငွေလွှဲခါနီးတွင် အရင်ဆုံး ကမ္ဘာ့ရတနာဘဏ်၏ နိုင်ငံခြားဘဏ်လုပ်ငန်းဌာနသို့ ဆက်သွယ်ပြီး ချိတ်ဆက်ထားသည့် Correspondent Bank ၏ Swift code နှင့် GTB ၏ Swift code ကို ဦးစွာမေးမြန်းပြီး Swift code (၂)မျိုးလုံးကို သိရှိပြီးမှ ငွေလွှဲပါက မိမိငွေလွှဲမည့်နေရာသို့ အချိန်မီရောက်ရှိနိုင်မှာဖြစ်ပြီး Swift code ကိုမသိရှိပါက အဆိုပါလွှဲငွေသည် GTB ဘဏ်သို့ တိုက်ရိုက်မရောက်ရှိဘဲ အချိန်ကြာမြင့်နိုင်သောကြောင့်မိမိ၏လုပ်ငန်းဆိုင်ရာများအချိန်မီမပြီးနိုင်သောကြောင့်အဆိုပါအခက်အခဲများမရှိအောင် နှင့် ထိုကဲ့သို့ အချိန်ကြာစွာ မိမိ၏ငွေလွှဲများ မိမိ လွှဲလိုသည့်နေရာသို့ မရောက်ရှိသောကိစ္စရပ်များ မဖြစ်စေရန်အတွက် GTB ဘဏ်နှင့် ချိတ်ဆက်ထားသည့် နိုင်ငံခြားဘဏ်များဖြစ်သည့် UOB, First Gulf Bank, United Bank of India, OCB, Vietinbank Germany, Krung Thai Bank, BIDV Bank, Shinhan Bank (Korea), Kasikorn Bank (Thailand) နှင့် ICBC Yangon Branch တို့ထဲမှ Swift code တစ်မျိုးကိုပါ GTB Swift code နှင့်တစ်ပါတည်း ထည့်ပေးလျှင် မိမိလွှဲလိုသော GTB ဘဏ်ခွဲများသို့ လျင်မြန်စွာဖြင့် ရောက်ရှိပြီး မိမိ၏ လွှဲလိုက်သည့် ငွေကိုအချိန်တိုတိုအတွင်း Customer လွယ်ကူစွာ ထုတ်ယူနိုင်မှာဖြစ်ကြောင်း ကိုအသေးစိတ်ဖော်ပြလိုက်ပါသည်

News of Global Treasure Bank - 📣📣📣📣📣

iBanking/mBanking Application တွင် Security ပိုင်းဆိုင်ရာ EV SSL Update ဆောင်ရွက်ခြင်းနှင့် Version Update ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသဖြင့် iBanking/mBanking Application အသုံးပြုသူ iphone User များသည် version 1.1.3 ကိုလည်းကောင်း၊ android phone user များသည် version 3.1.5 ကိုလည်းကောင်း မဖြစ်မနေ update ပြုလုပ်၍ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုပေးကြပါရန် အသိပေး အကြောင်းကြား အပ်ပါသည်။ iBanking/mBanking နှင့်ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက 09-424187664, 09-693224730 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည် 📣📣📣📣📣